Part(5)

3K 189 0
                                    

Zawgyi

ကျဉ်းသည်​လဲ မဟုတ်​ ကျယ်​သည်​လဲ မဟုတ်​သည့်
မြက်​ခင်း စိမ်းစိမ်းအလယ်​မှာ အဝါ​ဖျော့​ဖျော့
နှစ်​ထပ်​တိုက်​ က​လေးက မားရဲ့မင်္ဂလာလက်​ဖွဲ့​လေး။

အားကျန့်​​လေးကို ဂရူစိုက်​​ပေးပါဆိုပီး
တတွတ်​တွတ်​ ဆို​နေသည့်​မားက ရှိသမျှဟင်း​တွေအကုန်
ထည့်​​ပေးလိုက်​သဖြင့်​ ကား​ပေါ်မှ မနိုင်​မနင်း
သယ်​​နေရသည်​က ရိ​ပေါ်တ​ယောက်​တည်း

ကိုယ့်​သားအရင်းနဲ့ သားမက်​​လောင်းကို
နေရာလွဲပီး ဂရူစိုက်​​ပေး​နေသည့်​မားက လက်​ထပ်​တဲ့အချိန်​က​နေ အခုထိ
ဒါ​ပေမဲ့ လဲ ရိ​ပေါ်က သ​ဘောကျတာပါပဲ။

မ​နေ့ကတည်းက​နေ အခုချိန်​ထိ မျက်​နှာ​လေး​တောင်
မမြင်​ရ​သေးတဲ့​ကောက အိမ်​ထဲ​ရောက်​​နေပီဆိုတာ
ပွင့်​​နေတဲ့ခြံတခါး တဖက်​က သက်​​သေထူတယ်​။

ခြံတခါးတဖက်​ ဖွင့်​ထား​ပေမဲ့
အိမ်​တံခါးကို​တော့ ပိတ်​ထားတဲ့​ကောက ကိုယ့်​ကိုယ်​ကို
စိတ်​ပူ​သေးတယ်​ ထင်​ပါရဲ့..
ချောက်​ဆိုတဲ့အသံနှင့်​အတူ ပွင့်​သွားသည့်​တခါးကိုဟကာ
ကြည့်​​တော့ မြင်​လိုက်​ရသည်​က ဆိုဖာ​ပေါ်မှာ
ကွေး​ကွေး​လေး အိပ်​​ပျော်​​နေတဲ့သူ့ရဲ့​ကော။

ပြေ​လျော့​နေသည့်​ လက်​တစုံကို ခပ်​တင်းတင်း
ဖက်​လာ​တော့ အဲကွန်းက လိုတာထက်​ပို​အေး​နေတယ်​ဆိုတာ
ရိ​ပေါ်က သတိထားမိတယ်​..
ကောဆိုတဲ့အဲဒီလူက​လေ အရမ်း​ခေါင်းမာတာပဲ
ပစ္စည်း​တွေ ကူသယ်​​ပေးပါမယ်​ဆိုတာ​တောင်​ မနိုင်​မနင်း
တ​ယောက်​တည်း သယ်​​နေတာ။

ရိ​ပေါ်က အခုအိပ်​​နေတဲ့ ​ရှောင်​ကျန့်​ကို
ငုတ်​တုတ်​ထိုင်​ ပီး ကြည့်​​နေတယ်​....

လှတယ်​ ကျန့်​​ကောက အရမ်းလှတယ်​ ဒါကိုပဲ
တချိန်​လုံး ​ရေရွတ်​​နေတဲ့ ရိ​ပေါ်က
အရူးတ​ယောက်​လိုနီးပါး။
မထူမပါးမျက်​ခုံးနှစ်​ဖက်​က အနီးကပ်​ကြည်​မှ ပိုလှ​နေသလိုလို
ရိ​ပေါ်က ​ပေး​လေ လို​လေဆိုတဲ့ က​လေး​လေးလိုပဲ
မတင်းတိမ်​နိုင်​ဘူး
အသက်​ရူသံ ခပ်​မြန်​မြန်​နှင့်​ ယုန်​သွား​လေး​တွေ​ပေါ်​နေသည့်
ခြောက်​​သွေ့  ​သွေ့ နူတ်​ခမ်းတစုံဆီ ထပ်​ပီးအကြည့်​​ရောက်​ပြန်​တယ်

In My Mind( Completed)Where stories live. Discover now