Part(7)

2.2K 155 3
                                    

Zawgyi

ဧည့်​ခန်းထဲက ဆိုဖာ​ရှေ့
ရိ​ပေါ်ရဲ့ ဘယ်​ပြန်​ညာပြန်​ ​ခေါက်​တုံ​ခေါက်​ပြန်​ လမ်း​လျှောက်​မှူ အပြီးမှာ နာရီလက်​တံကိုကြည့်​မိ​တော့ 9:00..

ဒီ​နေ့က ၂​ရက်​ကြာမယ်​ဆိုတဲ့ ကျန့်​​ကောသွားတဲ့
ခရီးရဲ့ ဒုတိယ​မြောက်​​နေ့
သွား​မေးကြည့်​လိုက်​ရမလားဆိုတဲ့ ​မေးခွန်းကလဲ ​ခေါင်းထဲမာ
တဝဲလည်​လည်
သိချင်​စိတ်​ပြင်းပြ​နေတဲ့ ရိ​ပေါ်က ခဏ​လေး​မေးကြည့်​တာပဲ
ဘာမဖြစ်​ဘူးဆိုတဲ့အ​တွေးနဲ့အတူ
ရှောင်​ကျန့်​ အလုပ်​လုပ်​​နေတဲ့ရုံးကို မိနစ်​၃၀​လောက်​ကြာတဲ့
အချိန်​မှာ ​ရောက်​တယ်​။

ကားပါကင်​​တောင်​ မထိုးနိုင်​​တော့တဲ့ရိ​ပေါ်က
နှစ်​နှစ်​လလ​ဝေးကွာ​နေတဲ့ ချစ်​သူကိုလိုက်​ရှာ​နေရသလိုပဲ။

နဲနဲ​တော့​ကြောင်​​တောင်​​တောင်​နိုင်​သား..

သူတို့အဖြစ်​က လက်​ထပ်​ပီးသားဆို​ပေမယ့်
ချစ်​သူ​တွေလဲ မဟုတ်​ပြန်​ဘူး..

လျို့လျို့ဝှက်​ဝှက်​​နေတတ်​လာတဲ့​ကောက ဘယ်​သွားမယ်​ဆိုတာ
ဖုန်းဆက်​ပီး​ပြောပြဖို့ မ​ပြောနဲ့မက်​​ဆေ့​လေးတခု​တောင်​ မပို့။

ကိုယ့်​ဘက်​က စပီး​မေးပြန်​ရင်​လဲ မင်းနဲ့မဆိုဘူးဆိုပီး
အငြင်းခံရမှာ ​ကြောက်​ရ​သေး။
တခုခုများ သိရမလားဆိုတဲ့​မျော်​လင့်​ချက်​ တစွန်းတစ​လေးက
ဝန်​ထမ်း​မ​​လေးတွရဲ့ မသိပါဘူးဆိုတဲ့ အသံချိုချို​လေး​တွေ​အောက်​မှာ အလဲလဲအပြိုပြို။

ရုံးကိုပြန်​သွားဖို့ကလဲ မဖြစ်​ပြန်​ဘူး။
နေမ​ကောင်းလို့အနားယူမယ်​ဆိုတဲ့ စကားက
ရှီးချန်​​ကောဆီမှာ အလိမ်​​ပေါ်သွားမှာ မဟုတ်​လား။

ဒီ​နေ့မှ အချိန်​ကြာရ​ကောင်းလားဆိုပီး
ရိ​ပေါ်က လမ်း​ပေါ်မှာရှိတဲ့ ​ကျောက်​စရစ်​ခဲ​လေး​တွေကို
ရန်​ရှာပစ်​တယ်
အ​ဝေးက​နေကြည့်​ရင်​ လိုချင်​တာမရလို့ ဆူပုတ်​​နေတဲ့က​လေး​လေးလို ပဲ ဟုတ်​တယ်
ဝမ်​ရိ​ပေါ်ဆိုတာ ​ရှောင်​ကျန့်​ဆီမှာ အ​ချော့ခံချင်​တဲ့က​လေး​လေး...

In My Mind( Completed)Where stories live. Discover now