Part(3)

3.4K 228 0
                                    

Zawgyi

မှန်​​ပေါ်မှာ ပုံရိပ်​​ယောင်​ အဖြစ်​ထင်​ဟပ်​​နေသည့်
အဖြူ​ရောင်​ သတို့သားဝတ်​စုံနှင့်​ ပနံသင့်​​နေသည့်
ရှောင်​ကျန့်​က အချိန်​တခုကြာ သည်​အထိ လက်​​တွေကို
အချင်းချင်း ဆုပ်​နယ်​ထားပုံအရ စိတ်​လူပ်​ရှား​နေဟန်​။

ဒီ​နေ့က ရိ​ပေါ်နဲ့သူ လက်​ထပ်​ရမည့်​​နေ.။   စိတ်​လူပ်​ရှား​နေပုံ
ရတဲ့ ​ရှောင်​ကျန့်​က လက်​ထပ်​ဖို့ အတွက်​ မဟုတ်​ခဲ့ဘူး။
ရိ​ပေါ်က သူ့ဆန္ဒကို လက်​ခံ​ပေးပါ့မလား ဆိုတဲ့စိတ်​က
ခေါင်းထဲမာ အ​နှောင့်​ယှက်​တခုလို ဖြစ်​​နေခြင်း​ကြောင့်​။

"အားကျန့်​ သွားကြရ​အောင်​"

ပါးဝမ်​ရဲ့​ခေါ်သံ​တောင်​ မကြားနိုင်​​တော့သည်​အထိ
ရှောင်​ကျန့်​က အ​တွေးကမ္ဘာထဲမာ ပိတ်​မိ​နေတုန်း။

"အားကျန့်​"

"ဟင်​ ပါးဝမ်​"

"သွားမယ်​​လေ"

"အင်း"

ပါးဝမ်​က အငြိမ်​မ​နေသည့်​ ​ရှောင်​ကျန့်​ကို ကြည့်​ပီး
စိတ်​မလူပ်​ရှားဖို့ကိုလဲ ​ခေါင်း​လေးတငြိမ့်​ငြိမ့်​နဲ့ အား​ပေးရှာသည်​။

ဝမ်​အိမ်​​တော်​က​နေ ထွက်​လာသည့်​ တ​လျှောက်​လုံး
မ​ရေရာမ​သေချာသည့်​ အ​​တွေးတွေက ဟို​ရောက်​ဒီ​ရောက်​။
မကြာမီ ကား​လေးက ​ပေကျင်းမြို့ရဲ့ ဘုရား​ကျောင်း
တခု​ရှေ့မှာ ဆိုက်​တယ်​။

ရှောင်​ကျန့်​ရဲ့ခမ်းခမ်းနားနားပြင်​ဆင်​ဖို့မလိုဘူး
လက်​ထပ်​ပွဲကိုလဲ ရင်းနှီူးတဲ့ သူ​တွေပဲ သိ​စေချင်​တယ်

ဆိုတဲ့စကား​အောက်​မာ ရိ​ပေါ်က လက်​ထပ်​ပွဲကို ဘုရား​ကျောင်းတခုမှာပဲ စီစဉ်​ဖြစ်​တယ်​။

ဘုရား​ကျောင်းထဲဝင်​ဖို့ ပြင်​​တော့ အ​ပေါက်​ဝမှာ
အလှဆင်​ထားသည်​က သူသ​ဘောကျတဲ့
အဖြူ​ရောင်​ချယ်​ရီပန်း​လေး​တွေ
ဒါကို ရိ​ပေါ်ကပြင်​ဆင်​​ပေးထားတာလား။

မ​နေ့က အိမ်​​တော်​ကိုပြန်​​ရောက်​​တော့ မဆီမဆိုင်
ရိ​ပေါ်က ​မေးလာတယ်​ "ဘာပန်းကြိုက်​တတ်​လဲ"တဲ့
ဘာပန်းကြိုက်​တတ်​လဲဆို​တော့ မကြိုက်​ရင်​လဲ
ရတယ်​ဆိုတဲ့သ​ဘောမျိုး။

In My Mind( Completed)Where stories live. Discover now