Part(9)

2K 140 0
                                    

Zawgyi

CEOဆိုပီး လူတိုင်းက ​မော်​မကြည့်​ရဲ​ပေမယ့်​ သူ့အနားမှာကျ​တော့ ​ခေါင်း​လေးငုံ့ပီး အနားမှာဂျီကျ​နေတဲ့ က​လေးတ​ယောက်​သာသာပါပဲ။

စကား​ပြောဖို့ဆိုပီး တက်​လာတဲ့ကျန်းချန်​က အခန်း​ရှေ့​မှာ
မတ်​တပ်​ကြီး ရပ်​​နေတဲ့ ရိ​ပေါ်ကိုမြင်​​တော့
သူ့ကိုစာလှမ်းပို့လာတယ်​ 'မင်းအခန်း​ရှေ့မှာ ရိ​ပေါ်​ရောက်​​နေတယ်​တဲ့' ဒီလိုကျပြန်​​တော့လဲ အပြစ်​လုပ်​ထားတာ
သူမဟုတ်​တဲ့အတိုင်း။

နဲနဲ​လေး အ​လျှော့​ပေးလိုက်​မိ​တော့ အခွင့်​အ​ရေးကို
ကျား​ချောင်း​ချောင်း ​နေတဲ့ရိ​ပေါ်က အခန်းထဲမှာပဲ ​ပေ​တေပီး
နေ​နေပြန်​တာ။
တခြားလူရှိ​နေရင်​ မအိပ်​တတ်​ပါဘူးဆို​တော့ အခန်းထဲကိုလှည့်​လှည့်​ကြည့်​နဲ့ ထွက်​သွား​မှပဲ သူ့မှာ အသက်​ရူ​ချောင်​​တော့တယ်​။

တကယ်​လဲသူက တခြားသူရှိ​နေရင်​ မအိပ်​တတ်​တာမို့
ထွက်​ခိုင်းခဲ့ခြင်းသာ...
သူ့အတွက်​​တော့ ရိ​ပေါ်ကလဲ သူစိမ်းတ​စ်​​ယောက်​ပါပဲ​လေ။
မ​ခေါ်သင့်​ဘဲ အနားမှာ​ခေါ်ထားရင်
နောက်​ဆုံးခံစားရမှာကကိုယ့်​တ​ယောက်​တည်း မဟုတ်​တာမို့ စွန့်​လွှတ်​ခြင်းကသာအသင့်​​တော်​ဆုံးပါပဲ။

.
.

.

.

ရုံးပိတ်​ရက်​မှာ  ​ဈေးဝယ်​ထွက်​မယ်​လို့ဆိုလာတဲ့
ကျန့်​​ကော​ကြောင့်​ ရိ​ပေါ်ရဲ့ဒီမနက်​ခင်းက​တော့ ပြီးပြည့်​စုံ​နေပြန်​တယ်​။

ဈေးဝယ်​သွားဖို့ ဆို​ပေမဲ့ မင်းသားရူံး​လောက်​​အောင်​ပြင်​ဆင်​ထားတဲ့ ရိ​ပေါ်​ကြောင့်​ ကျန်းချန်​က​တော့
အံ့သြ​နေတဲ့မျက်​လုံး​တွေနဲ့ ကြည့်​လို့ ​ရှောင်​ကျန်​က​တော့
မနိုင်​ဘူးဘူးဆိုတဲ့ပုံစံနဲ့ပဲ ​ခေါင်းရမ်း​နေ​တော့တယ်​။

"ရိ​ပေါ် ကျန်းချန်​ ကိုလဲ နဲနဲကူ​ပေးလိုက်​ပါအုံး"

"ကျွန်​​တော့်​မှာလဲ အများကြီးသယ်​ထားရတာကို"

လက်​ထဲမှာ အိတ်​တလုံးပဲ ကိုင်​ထားပီး
အများကြီးလို့​ပြော​နေပြန်​တယ့်​ ရိ​ပေါ်က ကျန်းချန်​ကို
ကူသယ့်​​ပေးမယ့်​ပုံ မရှိဘူး။

In My Mind( Completed)Onde as histórias ganham vida. Descobre agora