Part(20)

1.9K 121 0
                                    

Zawgyi

"​ကော ကျွန်​​တော့်​နားမှာ လာထိုင်​"

"​ဒီမှာ လုပ်​​နေတာ မမြင်​ဘူးလား"

"မိုး​ရေထဲ တခါတည်းပါသွားရမှာ ဒီ​ကောင်​"

"​ဟောက်​ရွမ်း အဲလိုမ​ပြောရဘူး​လေ"

ကိုက်​ခဲ​နေတဲ့ ​ခေါင်းနှင့်​ တကိုယ်​လုံးနုံးချီ​နေတဲ့ ခန္ဓာကိုယ်​ကြား ​ဟောက်​ရွမ်းရဲ့ ဆဲသံတိုးတိုးအပြင်​ ကျိရန်​​ကောရဲ့
ဆုံးမ သံ​တွေက မကြားတစ်​ချက်​ ကြားတစ်​ချက်​နဲ့
နားထဲမှာ ​ဝေ​ဝေဝါးဝါး..

ပျက်​ခဲ့တဲ့ ရုံးချိန်​​တွေကို ထပ်​ဖြည့်​ဖို့​တွေးရင်း နာရီကို
လှမ်းကြည့်​​တော့ 10:15..
အင်း..ဒီ​နေ့လဲ ထပ်​ပျက်​ရပြန်​ပြီ။

"ရိ​ပေါ်...နိုးပြီလား"

အိပ်​ရာ​ပေါ်က​နေ အားယူပြီး ထထိုင်​တဲ့အခါ ကျိရန်​​ကောက
ဘေးနားက ဆိုဖာ​ပေါ်မှာ ​နေယူပြီးဝင်​ထိုင်​တယ်​။
ခုနက ​ဟောက်​ရွမ်း သူ့ကိုတိုးတိုး​လေး ဆဲ​နေတာက
ကျိရန်​​ကောက သူ့အတွက်​ စွပ်​ပြုတ်​​လုပ်​​ပေး ​နေလို့​ပေါ့။

"​ကော စွပ်​ပြုတ်​လုပ်​​ပေးထားတယ်
စားပြီးရင်​ ​ဆေး​သောက်​ရမယ်​"

ဒီတစ်​ခါ​တော့ ကျိရန်​​ကောဆီမှာ သူ့ကိုဆူမယ့်​ အရိပ်​​ယောင်
မ​တွေ့ရသလိုပဲ။
ညက အိမ်​ကိုဘယ်​လို ပြန်​​ရောက်​လာလဲ သူမသိဘူး။
မသိဘူးဆိုတာထက်​ မသိချင်​တာဆို ပိုမှန်​မယ်​ထင်​တယ်​။
ကြိုးစားမူက အရာမထင်​​တော့တဲ့ အခါ တစ်​ဆက်​တည်း
ရလာမယ့်​ အငြင်းစကား​တွေကို လက်​မခံနိုင်​​သေးတာမို့။

Ring Ring

အ​တွေးများ​နေရင်း ရုတ်​တရက်​ ထမြည်​တဲ့ ဖုန်းက
ကျိရန်​​ကော ဆီကဖြစ်​တယ်​။
စွပ်​ပြုတ်​ပန်းကန်​ကို စားပွဲ​ပေါ် တင်​ပြီး ထရပ်​တဲ့အခါ
ရိ​ပေါ်က တခြားတဖက်​ကို လှည့်​ပြီး အိပ်​ချင်​​ယောင်​​ဆောင်​တယ်​။

"​ရှောင်​ကျန့်​လား"

စကား​လေး တခွန်းတည်းပါပဲ..
ထိုစကား​လေး တခွန်းတည်းမှာပဲ တဖက်​လှည့်​အိပ်​​နေတဲ့ ရိ​ပေါ်က မသိမသာ စိတ်​လူပ်​ရှားချင်​လာတယ်​။

In My Mind( Completed)Where stories live. Discover now