၁၁၇။ ဧကရီ အနက်​ရောင်​ (၃၁)

Magsimula sa umpisa
                                    

"အစ်​ကို စုန့် ဘာဖြစ်​လို့လဲ ဟင်၊ သူ့ကို သိလို့လား" စုန့်​ရှစ်​အား နှစ်​လိုဖွယ်​ မိန်းကလေးတစ်​ဦးက မေးလာသည်​။ စုန့်​ရှစ်​ သူမကို ပြန်​လှည့်​ကြည့်​ကာ ပြုံးပြလိုက်​၏။

သူက နွေးထွေးသော လေသံဖြင့်​ ပြောသည်​။ "မသိပါဘူး၊ အစ်​ကို အရင်​ကသိခဲ့တဲ့ မိတ်​ဆွေတစ်​ယောက်​နဲ့ တူနေလို့"

"သြော်​" မိန်းကလေးကလည်း ပြုံးကာ ပြန်​ပြောသည်။ "အစ်​ကို စုန့်​၊ ညီမ အစ်​ကိုနဲ့ သွားလို့ ရမလား... ဒီနေ့..."

သူမ ဘာတွေ ဆက်​ပြောနေသလဲ ချီမင်​ရွှယ့်​ အာရုံ မစိုက်​နိုင်တော့။ သူမ ဘေးက ဖြတ်​သွားချိန်​၌ မျက်​နှာမှာ ခံစားချက်​ မရှိသော်​လည်း သူမ ရင်​ထဲမှာတော့ မနာလို သဝန်​တိုမှုတို့ ပေါက်​ကွဲနေသည်​။ စုန့်​ရှစ်​သည်​ သူမ အပေါ်မှာတော့ ဘယ်​သောအခါမှ မနူးညံ့၊ မညင်​သာဖူးခဲ့။ သို့သော်​လည်း သူမ ချက်​ချင်းပင်​ စိတ်​ကို ဖြေလျှော့လိုက်​တော့သည်​။

ယခုအချိန်​၌ အရေးကြီးဆုံးက ကုနန်​ကို ဖြေရှင်းဖို့သာ ဖြစ်​၏။ သူမ ထိပ်​ဆုံးမှာ ရပ်​တည်​နိုင်​ပြီဆိုသည်​နှင့်​၊ မည်​သည့်​ ယောက်ျားကိုမဆို ခေါင်းခေါက်​၍ ယူနိုင်​တော့မည်​။ စုန့်​ရှစ်တစ်​ယောက်​အတွက်​နှင့်​ စိတ်​ညစ်​ခံစရာ မလို။

စုန့်​ရှစ်​ကတော့ ဒီလူတွေ သင်္ကာစရာ မကောင်းသည်​ကို သတိထားမိသည်​။ သူ ဂိတ်​စောင့်​ကို မေးကြည့်​လေ၏။ "သူတို့ ဘယ်​သွားကြတာလဲ"

"သူတို့ ရိက္ခာသွားစုမယ်​ ပြောတာပဲ"

သူတို့ပုံစံက ရိက္ခာစုဆောင်းရန်​ သွားသည်​နှင့်​ မတူ။ စစ်​သွေး စစ်​မာန်​တက်​ကြွနေပုံပေါ်သည်​။

ပြီးတော့ အနောက်​ပိုင်းဒေသမှာ ရိက္ခာပစ္စည်​ရှားပါးသော နယ်​မြေဖြစ်​၏။ ထိုမျှမက ဇွန်​ဘီများကို နံရံတံတိုင်းတည်​ဆောက်​ခိုင်းထားပြီး အခြားလူများ သူမ၏ ပိုင်​နက်​ကို မကျူးကျော်​နိုင်ရန်​ တားဆီးနေသည့်​ ကုနန်​တစ်​ယောက်​လည်း ရှိနေသေးသည်​။ သူတို့ ရိက္ခာကောက်​နိုင်​သည့်​ နေရာအလွန်​နည်းပါးသွားပြီ။ ရိက္ခာသွားရှာသူတိုင်း မျက်​နှာထားမှာ စိုးရိမ်​ပူပန်​မကင်းမှုများ ရှိနေတတ်​သည်​။ သို့ပေလျက်​ သူတို့ကတော့...

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Tahanan ng mga kuwento. Tumuklas ngayon