"အသက်!! အသက်ရယ်.
.မောင့်ကိုမထားခဲ့ပါနဲ့ကွာ..နော်.အသက်!!မောင်လိမ်မာပါ့မယ်..""ဘာ..ဘာလဲ..ကျွန်တော်က..ဝမ်.ဝမ်ရိပေါ်ပါ..ခင်ဗျား.ခေါ်နေတဲ့.အသက်.ဆိုတဲ့သူ..မဟုတ်.မဟုတ်ပါဘူး.."
ဟုတ်တယ်။
ဝမ်ရိပေါ်က..အခု..သူ့ကို.တင်းကျပ်နေအောင်ဖက်ထားပြီး..
အသက်..လို့ခေါ်နေတဲ့သူကို.တကယ်မသိဘူး။သူက..ပေကျင်းကို.ရောက်တာတောင်..တစ်နာရီတောင်ကောင်းကောင်းမပြည့်သေးဘူးရယ်။
"အဟင့်..ရွတ်.."မထွက်တဲ့မျက်ရည်ကို..အတင်းညစ်လို့.ထိုလူက.ဝမ်ရိပေါ်ကိုဆက်ပြောတယ်။
"အသက်ကအခုတော့..မောင့်ကို.ပြောပြီပေါ့...
မောင့်ရဲ့.အဖိုးတန်ဝမ်ရိပေါ်လေးကို..
မောင်နဲ့ချစ်သူစဖြစ်ကတည်းက.
.မောင်က..အသက်လို့ခေါ်ခဲ့တာလေကွာ..
အသက်ကို...အသက်မို့..မောင့်ရဲ့အသက်မို့...
မောင်က.အသက်ကို..အသက်လို့.ခေါ်တာလေကွာ.."
ပြောလိုက်မှပိုတိုးလို့..အသက်.ချင်းထပ်အောာင်.ပြောလာသူကြောင့်..ဝမ်ရိပေါ်.စိတ်ညစ်လာပြီ။
အခု.သူတို့က.လေဆိပ်မှာမို့..ဖြတ်သန်းသွားလာတဲ့သူတွေအပြင်..ဘေးမှာလည်း..လူတွေဝိုင်းအုံ.ကြည့်နေကြတယ်။
လက်နှစ်ဖက်လုံးမှာ..အထုပ်တွေကိုင်ထားတဲ့သူ့ကို..ထိုသူက.စကားပြောတိုင်း.ပိုမိုတင်းကျပ်စွာ..ဖက်တွယ်လာတယ်။
"ကျွန်တော်က..တကယ်.ခင်ဗျားရဲ့.အသက်..မဟုတ်ပါဘူးဆိုဗျာ..
ကျွန်တော်.အခုမှ..ပေကျင်းကို..ရောက်ဖူးတာပါ.."
ဖက်တွယ်ထားတာကို..ရုန်းရင်း..သူ.ထိုသူ့ကို.ပြောလိုက်တယ်။
ထို.ခနမှာပဲ..အရပ်ရှည်ရှည်..အသားခပ်လပ်လပ်နဲ့လူရွယ်တစ်ယောက်က..
သူ့ကို.ဖက်ထားတဲ့..ထိုသူ့ရဲ့..နားရွက်ကိုဆွဲလို့...အသံတိုးတိုးနဲ့စကားဆိုလာတယ်။
"အားကျန့်!!!.မင်း.ဦးလေးငါ..toiletခနသွားတာလေးတောင်.
.မင်းက.ဒီက ခလေးကို..စဖြစ်အောင်စသေးတယ်.."