၉၂။ ဧကရီ အနက်​ရောင်​ (၆)

Start from the beginning
                                    

'ဒါဆို၊ ဟိုဇွန်​ဘီ ငါ့ကို သယ်​လာတာလား၊ သူတို့ IQ တွေ အဲ့သလောက်​ မြင့်​ကုန်​ပြီလား၊ ကြောက်​ဖုတ်​ကောင်းလတ်​ထှာ...!'

သူမ၏ ကျောပိုးအိတ်​နှင့်​ ဓားကိုတော့ မလှမ်းမကမ်းထောင့်​တစ်​နေရာတွင်​ ထားရှိထားသည်​။ ဇွန်​ဘီ ယူလာပေးတာ ဖြစ်​နိုင်​သည်​။ ကျားဖြူကတော့ အိတ်​ဘေးနားလေးမှာ အိပ်​ပျော်​နေ၏။

သူမ ခေါ်ကြည့်​လိုက်​သော်​လည်း ကျားဖြူ ထမလာပေ။ ပုံစံကြည့်​ရသလောက်​တော့ ကျန်းကျန်းမာမာရှိသည်​။ ထို့ကြောင့်​ ကြောင်​ကလေးမှာ သဘာဝလွန်​အစွမ်း နိုးထနေစဉ်​မို့ အိပ်​ပျော်​နေခြင်းဖြစ်​လောက်​ပေသည်​။ 

တိရိစ္ဆာန်​များလည်း သဘာဝလွန်​ အစွမ်းရနိုင်​သည်​။ လူသားများ အစွမ်းရနိုင်​ချေထက်​ ပို၍ နိမ့်​ခြင်းသာ။ ရှီရှန်း သူမ အိတ်​ထဲက ပစ္စည်းများကို စစ်​ဆေးကြည့်​လိုက်​သည်​။ တစ်​ခုမှ မလျော့သွား၊ အကုန်​ရှိသေးသည်​။ သို့ပေလျက်​ စားစရာများကတော့ မိုးရေစိုကုန်​သဖြင့်​ ပျက်​စီးကုန်​ပြီ။

'ချီမင်​ရွှယ့်​ရာ... ချီမင်​ရွှယ့်​...! ငါ့ကို တကယ်​ကြီး လုပ်​ကြံရဲတယ်​'

ရှီရှန်း သူမ ပစ္စည်းတွေကို သိမ်းဆည်းလိုက်​ပြီး ဂူထဲက ထွက်​လာလိုက်​သည်​။ အပြင်​ရောက်​တော့မှ သူမ အံ့အားသင့်​ရတော့လေသည်​။ 'ဂူအပြင်​ရောက်​ရောက်​ချင်း ဘာလို့ ချောက်​ကမ်းပါးကြီးဖြစ်​နေရတာလဲဟာ၊ အဲ့ဇွန်​ဘီ ပျံနိုင်​တာလား ဘာလား'

ဇွန်​ဘီတွေ တကယ်​ပျံနိုင်​၊ မပျံနိုင်​ကို ရှီရှန်း မသိ၊ သို့သော်​ သိပ်​မကြာခင်​မှာပဲ ထိုဇွန်​ဘီ ဤဂူဆီ မည်​သို့ သွားလာသည်​ကို သိလိုက်​ရလေသည်​။ 'ဒီခွေးသားလေးက Teleport နိုင်​တယ်​ဟ'

အခုလည်း သူ ရုတ်​တရက်​ကြီး သူမ နံဘေးကို ဘွားကနဲ ရောက်​လာလေသည်​။ သူမ၏ မိမိကိုယ်​ကို ထိန်းချုပ်​နိုင်​စွမ်းသာ မကောင်းနေပါက၊ လန့်​ဖြန့်​ပြီး တောင်​အောက်​ ပြုတ်​ကျသွားလောက်​သည်​။

"ဟာ ဟာ...!" ဇွန်​ဘီက သူ့လက်​ထဲက အဖြူရောင်​ပန်းကလေးတစ်​ပွင့်​ကို ရှီရှန်းလက်​ထဲ ထည့်​ပေးလိုက်​ပြီး သူမကို လက်​ညိုးထိုးလေသည်​။ နောက်​တော့ ပန်းပွင့်​ကို လက်​ညိုးထိုးပြသည်​။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now