၈၆။ ယုရှောင်း

Start from the beginning
                                    

ငါ မြောက်ပိုင်းတောင်တန်းတွေရဲ့ သခင်ဖြစ်လာတဲ့နေ့မှာ သူမ မြောက်ပင်လယ်ကို လက်ဆက်ဖို့ ထွက်သွားခဲ့တာကို ငါ တောင်ထိပ်ကနေပဲ လှမ်းမျှော်ကြည့်နေခဲ့ရတယ်။ အဲ့ဒီ့အမြင့်တစ်နေရာကနေ ရပ်နေရင်း သူမ သွားရာ အရပ်ဒေသဆီကို မျှော်ကြည့်နေရုံသာ တတ်နိုင်ခဲ့တယ်။ ဒီလိုမျှော်ကြည့်နေနိုင်တာကပဲ ငါ့အတွက်တော့ သူမနဲ့ ပိုနီးစပ်သွားသလို ခံစားရစေတယ်။

ဒီလိုနဲ့ နေလာခဲ့တာ မြောက်ပိုင်းတောင်တန်းပေါ်ကို သူမ သွေးအလိမ်းလိမ်းနဲ့ တက်လာမယ့်တစ်နေ့ ရှိလာခဲ့မယ်လို့ ငါ မထင်ခဲ့ဘူး။ သူမကို ဒီလိုတွေ့ရတော့ မြောက်ပိုင်းတောင်လို့ မတ်စောက်တဲ့နေရာမျိုးမှာမှ သခင်လာဖြစ်မိတဲ့ ငါ့ကိုယ်ငါ အပြစ်တင်မိပြန်တယ်။ ကောင်းကင်လောကမှာ မြောက်ပိုင်းတောင်က အမြင့်ဆုံးနဲ့ အမတ်ဆုံးတဲ့လေ။

သူမ ဒီထိပ်ထိတက်လာဖို့ ဘယ်လောက်တောင် ပင်ပန်းခဲ့လိုက်ရမလဲ။ သူမလို ကျင့်ကြံဆင့်အတွင်းအားတွေ လုံးလုံး ဆုံးရှုံးထားပြီး ဒဏ်ရာအပြင်းအထန်ရထားတဲ့သူတစ်ယောက်အတွက် ဘယ်လောက်များ ခက်ခဲနေရှာမလဲ။ မြောက်ပင်လယ် နဂါးမျိုးနွယ်တစ်ခုလုံး သတ်ဖြတ်သုတ်သင်ခံခဲ့ရတာ။ သူမ ရှင်သန်လွတ်မြောက်လာနိုင်ခဲ့တာကလည်း သူမ ခင်ပွန်းသည် အနစ်နာခံ စတေးခံခဲ့လို့။ သူတို့၏ မြောက်နဂါးမျိုးနွယ် နောက်ဆုံးမျိုးဆက်ကို ကာကွယ်နိုင်ဖို့။

လသားအရွယ်ကလေးငယ်လေး။ ဒါပေမယ့် အဲ့ဒီ့ကလေးငယ်လေးကို ငါ့လက်ထဲ ထည့်ပေးလိုက်ချိန်၊ ငါ သွေးစွန်းနေတဲ့ အနှီးစကို ဖယ်လိုက်ချိန်မှာ သူကလေးရဲ့ ပြာနှမ်းနေတဲ့ မျက်နှာကိုပဲ တွေ့ရလိုက်တယ်။ သူ ဆုံးသွားနှင့်ပြီ။

"သူလေးကို ကယ်ပေးပါဦး... အစ်ကိုရှန်း..."

ငါ အေးစက်စက်ဖြစ်နေပြီဖြစ်တဲ့ ကလေးရဲ့ သက်မဲ့ခန္ဓာလေးကို ပွေ့ထားရင်း ဘယ်လို ပြန်တုန့်ပြန်ရကောင်းမှန်းမသိ ဖြစ်နေခဲ့တယ်။

"အစ်ကိုရှန်း. . . ကျေးဇူးပြုပြီး. . . လုပ်ပါ. . . သမီးလေးက ညီမအတွက် တစ်ခုတည်းကျန်တဲ့ မျှော်လင့်ချက်ပါ၊ ကယ်ပေးပါ အစ်ကိုရယ်..."

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now