၁၀၆။ ဧကရီ အနက်​ရောင်​ (၂၀)

Start from the beginning
                                    

"ကျွန်​မ တစ်​ချက်​လောက်​ ကြည့်​ပါရစေလား" ချီမင်​ရွှယ့်​က ချိုသာစွာ တောင်းဆိုလာ၏။ ပန်းချီကား လက်​ဝယ်​ရထားသူလည်း ရှက်​ကိုးရှက်​ကန်းဖြစ်​သွားပြီး ချီမင်​ရွှယ့်​လက်​ထဲ အသာတကြည်​ အပ်​လိုက်​တော့လေသည်​။

ချီမင်​ရွှယ့်​က စုန့်​ရှစ်​ပါ မြင်​သာစေရန်​ ကိုင်​မြှောက်​ပြလိုက်​ပြီးဆိုသည်​။ "အားရှစ်၊ တစ်​ခုခု ထူးခြားတာ တွေ့လား"

……

"ဘုရားရေ၊ Boss ဒီနေရာမှာ ဟိုဟာကြီးတွေ အပြင်​ကထက်ကို ပိုများနေတာပဲ...!" ဝတုတ်​လေး အသံက တုန်​နေသည်​။ နေရာအနှံ့ရှိနေသော ဖန်​ပေါင်းချောင်​ကြီးများကို ကြည့်​ရင်း သူ့မျက်​နှာထားက တုန်​လှုပ်​မှု အပြည့်​ဖြစ်​နေ၏။

ဖန်​ပေါင်းချောင်​များစွာ ပြွတ်​သိပ်​ကြပ်​ညပ်​စွာ အစီအရီ ရှိနေသည်​။ တချို့ ဖန်​ပေါင်းချောင်​ထဲတွင်​ အပြင်​ဘက်​ခန်းမှာလို ဇွန်​ဘီတစ်​ပိုင်း လူသားတစ်​ပိုင်း ခန္ဓာရုပ်​ကြွင်းများ ပါရှိနေပြီး တချို့မှာတော့ ဘာမှ မရှိ၊ အလွတ်​အတိုင်Lး ဖြစ်​နေသည်​။ ဓာတ်​ခွဲခန်းနှင့်​ ပတ်​သက်​၍ ပိုအသေးစိတ်​သော အချက်​အလက်​များ ဤနေရာတွင်​ ရှာနိုင်​ပြီး တကယ်​တမ်း အလုပ်​လုပ်​သည့်​ အလုပ်​ခွင်​နေရာမှာ ဤအခန်းထဲတွင်​ ဖြစ်​လောက်​သည်​။

၁၉၅၉ ခုနှစ်​၊ မိုးကြီးသည်းထန်​စွာ ရွာပြီးနောက်​ ရုပ်​ကြွင်းတစ်​ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်​။ အနှီရုပ်​ကြွင်းမှာ ပုပ်​သိုးဆွေးမြည့်​သည့်​ လက္ခဏာမတွေ့ရ။ ထိုရုပ်​ကြွင်းကို ဤဓာတ်​ခွဲခန်းဆီ ပို့လိုက်​ပြီး သုတေသနအဖွဲ့ တစ်​ဖွဲ့ အထူးဖွဲ့စည်းကာ စမ်းသပ်​ စစ်​ဆေးကြခဲ့လေသည်​။

ထိုရုပ်​ကြွင်း၌ အံ့ဖွယ်​ ဗီဇတစ်​မျိုးပါနေသည်​။ ထိုဗီဇကြောင့်​ ၎င်းရုပ်​ကြွင်း မပုပ်​သိုးဘဲ တည်​ရှိနိုင်​ခြင်းဖြစ်​သည်​။ သို့နင့်​ ဤဗီဇများ၏ သဘာဝကို လေ့လာနိုင်​ရန်​ အလို့ငှာ စမ်းသပ်​ သုတေသနပြုခြင်းများ စတင်​ခဲ့ကြလေ၏။ ရည်​ရွယ်​ချက်​ကတော့ ထိုဗီဇများကို လူသားတို့ အသုံးပြုနိုင်​ခြင်းရှိ မရှိ သိရစေရန်​။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now