၇၈။ ဇာမဏီ၏ ခွန်းသံသာ (၂၇)

Start from the beginning
                                    

ထိုစဉ်အချိန်ကလေး၌ ခုနကထွက်ပြေးသွားခဲ့သော လူစု ရုတ်တရက်ပြန်ပေါ်လာကာ ယဲ့ချင်းချိုးအနား ဝန်းရံလာကြပြန်သည်။ သူမကို မမေးမစမ်းဘဲနှင့် ဆွဲခေါ်သွားကြကာ ပျောက်သွားပြန်သည်။

ရှီရှန်း၊ ". . ." 'ဆိုတော့ကာ ဒီလူတွေက ယဲ့ချင်းချိုးကို လာကြိုမဲ့လူတွေလား... ဇာတ်လိုက်မ - sama ကိုကျ ဖူးဖူးမှုတ်နေလိုက်ကြတာ... သူ့ရဲ့ ဇာတ်လိုက်ကောင်​ မရှိဘဲနဲ့တောင် ဒီလူတွေအားလုံးက သူကို လာကြိုနေကြတယ်...'

သူတို့အားလုံးဟာ တကယ်တော့ သူမကို လာကြည့်ကြတာသာဖြစ်သည်ကို ရှီရှန်း မသိလိုက်။ သူမက ဖုန်းစီနှင့်အတူပေါ်လာတော့ မည်သူကမျှ သူမကို မကြည့်ရတော့ပေ။

"မင်း ဘယ်မှာနေချင်တာလဲ" ဖုန်းစီက စိတ်အားထက်သန်စွာ မေးလိုက်သည်။

"ငါ ရွေးလို့ရတာလား" 'အသစ်တက်လာတဲ့သူတွေအပေါ် ကောင်းကင်ဘုံက ဒီလောက်တောင် ဖော်ရွေနေတာလား...'

ဖုန်းစီ ပြုံးလိုက်ကာ အလွန်မော်ကြွားစိုးနင်းသော လေသံနှင့်ဆိုလေသည်။ "ရှောင်ရှုနေချင်တဲ့ နေရာ ဘယ်နေရာဖြစ်ဖြစ် ကိုယ် သိမ်းပိုက်လိုက်မယ်"

ရှီရှန်း၊ ". . ." 'ငါလေး ကောင်းကင်မင်းကြီး နန်းတော်မှာ နေချင်တယ်...!'

"နင် ဘယ်မှာနေတာလဲ" သူမသာ အတွေးကို ထုတ်ဖော်ပြောမိလျင် ဖုန်းစီ တကယ်ပင် ကောင်းကင်မင်းကြီး၏ ဗိမာန်ကို သွားလုမည်ကို ရှီရှန်း စိုးရိမ်မိသည်။ သူမ ကောင်းကင်ဘုံတက်လျင် တက်ချင်းနာမည်ကြီးသွားနိုင်သည်။

ဖုန်းစီ မျက်ဝန်းများ အရောင်တောက်ပလာပြီး မေးလာသည်။ "ရှောင်ရှု. . . မင်းက ကိုယ့်နေရာမှာ လိုက်နေချင်လို့လား"

"နေလို့ မရဘူးလား" 'ဒီလိုမေးလာတာ ဖုန်းစီ မဟုတ်သလိုပဲ. . . ခါတိုင်းဆို ငါဟာ သူ့အပိုင်ဆိုတာ တလောကလုံးကို သိစေချင်နေပြီးတော့ အခုကျတော့. . .'

ရှီရှန်း ဖုန်းစီကို စူးစမ်းကြည့်မိသည်။ 'Final boss လုပ်ပြီး သူ့အိမ်နေရာက စုတ်ပြတ်သပ်နေတာတော့ မဟုတ်လောက်ပါဘူးနော်...'

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now