၄၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၀)

Start from the beginning
                                    

ရင်ပေါ့} ၊ ငါအားလုံးကို တားဆီးဖို့ ဖြစ်နိုင်မယ်လို့ ထင်နေတာလား" ဟု သူမ ပြော

လိုက်သည်။

"ဒါလည်း မှန်တာပါပဲ"

ထန်းယင် ထိုင်းမှိုင်းစွာ လေကို မှုတ်ထုတ်လိုက်ကာ ထွက်ပေါက်

ရှာလိုက်နိုင်သလို ဖြစ်သွားပြီး ပြန်တည်ငြိမ် သွားသည်။

"အခု ရှရွှမ်းက ဒီလို ဖြစ်နေပေမဲ့ ဒီဓာတ်ပုံတွေက ဘာမှ မဟုတ်သေးဘူး။ ရက်

နည်းနည်း ကြာသွားတာနဲ့ အာရုံစိုက်တာ လျော့သွားမှာ။ ဒါပေမဲ့ မင်းရဲ့ ပြဿနာကျ အဲလို မဟုတ်ဘူး၊သူတို့မှာ သက်သေရှိတယ်ပဲ ပြောနေကြတာ။ အဲအခါကျ..."

"အစ်ကိုထန်း၊ စိတ်မပူပါနဲ့။ သူမမှာ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး"

ရှီရှန်း ထန်းယင်ကို ဖြတ်ပြောလိုက်သည်။ သူမ စတင်လှုပ်ရှားနေပြီ ဖြစ်တာကြောင့် သူမ ရှရွှမ်း ပြန်တုံ့ပြန်လာ

အောင် အခွင့်အရေး ပေးမှာ မဟုတ်ချေ။

ထန်းယင်ဖက်က အကြာကြီး တိတ်ဆိတ်သွားပြီးနောက် အသံတိုးတိုးလေးဖြင့် "ဒါ မင်း

လက်ချက်လား" ဟုမေးသည်။

"အစ်ကိုထန်း၊ ကျွန်မ ရန်သူကို ဘာမှပြန်မလုပ်ဘဲ သူ့ကို အေးဆေးသွားလာခွင့်ပေးတာမျိုး ဘယ်နှခါ

မြင်ဖူးလို့လဲ"

"ကောင်းပြီလေ၊ ငါ မင်းကိစ္စကို စိတ်မပူတော့ဘူး"

'ဒီအမျိုးသမီးက သူမ လုပ်နိုင်တာနဲ့ ချက်ချင်း လက်တုံ့ပြန်မှာ။ သူမ မလုပ်နိုင်သေးရင်လည်း သူမ

အခွင့်အရေးကို စောင့်ပြီး မင်း ထိပ်ကို ရောက်ပြီဆိုတာနဲ့ သူမ မင်းကို ဆွဲချမှာ'

ထန်းယင် သူမကို မဆန့်ကျင်ဘဲ သူမဖက်ကလူ ဖြစ်ရလို့ စိတ်သက်သာရာရသွားသည်ဟူ၍

ခံစားရသည်မှာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူမ ဖုန်းချပြီးတာနှင့် ရှီရှန်း နှုတ်ခမ်းတို့ အနည်းငယ် ပြုံးသွားလေသည်။ ထိုအပြုံးက ရက်စက်မှုနှင့် လှောင်ပြောင်မှုတို့ အပြည့်နှင့် ဖြစ်လေသည်။ 'ရှရွှမ်း၊ အခု ကျန်းဝမ် အရင်က ခံစားခဲ့ရသလို နင် ပြန်ခံစားရဖို့ အချိန်တန်ပြီလေ'

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now