၅၂။ ဇာမဏီ၏ ခွန်းသံသာ (၁)

Start from the beginning
                                    

အံကိုကြိတ်ကာ ရှီရှန်းလည်း မျက်လုံးအသာမှိတ်၍ စိတ်ကို ငြိမ်အောင် ထိန်းလိုက်တော့သည်။ မီးတောက်လောင်နေသံ တကြွပ်ကြွပ်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူမ ဝန်းကျင်မှ အပူဓာတ်လည်း လျော့ပါးသွားတော့သည်။ သူမ ခံစားနေရသော ဝေဒနာလည်း လျော့ပါးသွားကာ နောက်ဆုံးတော့ နာကျင်မှုကို မခံစားရတော့။ အေးမြသော ခံစားမှုကိုသာ ခံစားသိနိုင်လာသည်။ သူမ အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။ သူမရှေ့၌ ချစ်စရာကောင်းသော မိန်းမငယ်တစ်ဦးရပ်နေကာ သူမကို စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရှီရှန်း မျက်လုံးပွင့်လာတာတွေ့တော့ ထိုမိန်းကလေးလည်း စိတ်ပြေသွားပုံရသည်။

"ဒေါ်လေးငယ်... ကျမဖြင့် လန့်သွားတာပဲ..." သူမ မျက်နှာပေါ်၌ ဒုက္ခကို ကျော်လွန်နိုင်သွားသဖြင့် ကျေနပ်နှင့်သိမ့်မှုများ၏ လက္ခဏာ အပြုံးများ ရှိနေလေသည်။

ရှီရှန်း သူမရှေ့မှ မိန်းကလေးကို ကြည့်လိုက်သည်။ သူမ ဝတ်ထားတာက အဖြူရောင် ဝတ်ရုံရှည်၊ ရှီရှန်းဝတ်ထားသော ဝတ်စုံနှင့် ဆင်တူသည်။ အရောင်သာ မတူ။ ရှီရှန်း၏ ခန္ဓာအသစ်က နက်ပြာရောင် ဝတ်စုံကို ဝတ်ထားသည်။ ရုတ်တရက် ရှီရှန်းစိတ်ထဲ စကားလုံးအချို့ ပေါ်လာသည်။ 'ဆက်ခံသူ တပည့်' ဟူ၍။

ဇာတ်လမ်းအကြောင်းနှင့် ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များက ရှီရှန်းကို ထိုးနှက်တိုက်ခိုက်လာပြန်သည်။ သူမ ဦးဏှောက်ကြီးပဲ ယောင်လာသလိုလို။ သူမ သတိပြန်လစ်မေ့မျောမသွားခင် မိန်းကလေးတစ်ယောက် သူမအား စိုးရိမ်တကြီး အော်ခေါ်လိုက်သည်ကိုတော့ ကြားလိုက်သည်။ သို့သော် သူမ၏ အသိအာရုံကတော့ ဝေးသထက်ဝေးကာ ပျောက်ကွယ်သွားသည်။

ဒီဇာတ်လမ်းက မိစ္ဆာသတ္တဝါကောင်များကို သတ်ခြင်းနှင့် level အဆင့်တက်ခြင်းတို့ ပါဝင်ဦးတည်နေသော ဇာတ်လမ်းမျိုး။

အဓိကဇာတ်လိုက်က ယဲ့ချင်းချိုးဟုခေါ်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက ကျင့်ကြံခြင်း ပါရမီရှင် ကျင့်စဉ်ပညာရှင်တစ်ဦး၊ သူမက ယဲ့မျိုးနွယ်မှ အပယ်ခံထားရသော မိန်းကလေးတစ်ဦး၏ ကိုယ်တွင် လာဝင်စားသည်။ သူမ ခန္ဓာကိုယ်မှ ခြင်ဆီနှင့် အတွင်းအားဗဟိုချက်တို့ကို သန့်စင်ကာ ကျသ့်ကြံခြင်းလမ်းစဉ်ကို လျှောက်၍ ထိပ်တန်းရောက်အောင်ပြန်ကျင့်ခဲ့သည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now