၃၃။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၃)

Start from the beginning
                                    

သို့သော် သူမ၏ ပိုင်ဆိုင်မှုများ အဆပေါင်းများစွာ တိုးပွားလာသည့်အခါမှာတော့ သူမ အံ့အားသင့်ရုံသာ တတ်နိုင်တော့၏။

'ဒီပိုက်ဆံရှာနိုင်တဲ့ နှုန်းကြီးက၊ ကြောက်ဖို့ကောင်းလိုက်တာ '

"ငွေသားတချို့ လုပ်ငန်း လည်ပတ်ဖို့ ထားထားလိုက်မယ်၊ ငါတို့ ဆက်ရှာဖို့ လိုတယ်၊ အစောပိုင်းမှာတော့ သန်း ၅၀ ဆို လောက်မယ် ထင်တာပဲ"

ရှမန်ဘက်က ငြင်းစရာအကြောင်း မရှိ။ သူမက အစပြုရန် ငွေအရင်းအနှီး ထုတ်ပေးခဲ့တာ မှန်သော်လည်း သူမဘာသာ အဆမတန်တိုးပွားလာအောင် လုပ်ဖို့ကတော့ မဖြစ်နိုင်ခဲ့ပေ။

"နေ၊ နေကြပါဦး" ထန်းယင် နောက်ဆုံးတော့ ပြောလာ၏။

"ခင်ဗျားတို့က ကုမ္ပဏီထောင်မလို့ပေါ့လေ"

"ဟုတ်တယ်လေ၊ ကုမ္ပဏီကို မှတ်ပုံတောင် တင်ပြီးသွားပြီ"

ရှီရှန်းက ထန်းယင်ဘက် လှည့်လာသည်။

"ရှင်က ကျွန်မတို့ ကုမ္ပဏီရဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်တာ အစစ တာဝန်ခံ လုပ်ပေးရမယ်၊ ကျွန်မကတော့ ရုပ်လှပြီး ချစ်စရာကောင်းတဲ့ လူမျိုးတွေပဲ လိုချင်တယ်။ . . . ဘာမှ မလုပ်ဘဲနေရင်တောင် နာရယ်ပေါင်းများ စွာ ထိုင်ကြည့်နေချင်စရာကောင်းမဲ့လူတွေ"

ရှမန်၊ ". . ." 'အာ့ အနုပညာရှင် ဟုတ်ပါဦးမလား၊ နင်ပြောသလိုဆို နိုင်ငံအထိမ်းအမှတ်ရတနာ*တွေ ဖြစ်ကုန်ပြီမလား၊'

(*နိုင်ငံအထိမ်းအမှတ် ရတနာ - ကြွေပန်းအိုး)

ထန်းယင်၊ ". . ."

'ပြီးခဲ့တဲ့လကတည်းက သူ ဘာတွေ ကြိတ်လုပ်နေခဲ့တာလဲ၊ အခုခေတ် အနုပညာရှင်တွေ အကုန် သူ့လို ခန့်မှန်းရခက်ခက်တွေလား။ ခုနက ဓာတ်လှေကားထဲမှာ ပြောတဲ့စကားတွေ အကုန်လုံးက အခုချိန်အတွက် အကွက်ဆင်ပြီး ဉာဏ်ဆင်ထားတာ မလား၊ အဲ့လိုပဲ ဖြစ်ရမယ်၊ ငါ ဘာလို့ ပင်လယ်ဓားပြလှေပေါ် ရောက်လာမိသလို ခံစားမိရတာလဲ[၃]၊'

([၃] မကောင်းတာ တစ်ခုခု လုပ်ရာမှာ ရောယောင် အမှုပတ်ခံရတော့မဲ့အကြောင်း သွယ်ဝိုက်ပြော)

ထန်းယင်ပါ ပါလာတော့ သူမတို့နှစ်ဦး ယခင်က မမြင်ဘဲ ကျော်သွားခဲ့မိသည့် ဟာကွက်မျယးကို ထောက်ပြသွားနိုင်ခဲ့သည်။ အမှားကြီးမှားပြီးမှ သင်ခန်းစာ ပြန်ယူရသည့် အခြေအနေမျိုးကို ရှောင်သွားနိုင်ခဲ့၏။ ထန်းယင်မှာလည်း ချမ်းသာကြွယ်ဝသော မိသားစုမှာပဲ နေထိုင်သင်ယူ ကြီးပြင်းလာခဲ့သောကြောင့် အချို့ ကိစ္စများကို ကျင်လည်စွာ ဖြေရှင်းနိုင်ပေသည်။ သို့သော် ထန်းယင် သိလိုက်ရသည်က သူ့အနုပညာရှင်သည်လည်း သူ့နည်းတူ စီးပွားရေး ပြဿနာများကို ဖြေရှင်းအကြံထုတ်နိုင်သည်ကိုပင်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now