၉၉။ ဧကရီ အနက်​ရောင်​ (၁၃)

Start from the beginning
                                    

သို့ပေလျက်​၊ အမှန်​တရားကတော့...

မိမိတို့မှာ ဤစိတ်​ကြီးဝင်​ အထက်​စီးဆန်​သော {ငါတို့ကို ချကြည့်​လိုက်​}ဟူသည့်​ အဓိပ္ပါယ်​အမည်​ရ အဖွဲ့၏ အဖွဲ့ဝင်​များ ဖြစ်​ကြောင်း အခြားသူများ သိသွားလျှင်​ တကယ်​လာချကြမည်​စိုး၍ ချင်းယွီတို့ သုံးယောက်​သည်​ တတ်​နိုင်​သမျှ နည်းမျိုးစုံသုံး၍ အခြားအဖွဲ့များ သိမသွားအောင်​ ပုန်းလျိုးကွယ်​လျိုး မစ်​ရှင်​ လာယူကြရခြင်းဖြစ်​လေ၏။

'ငါတို့ ဘဝကြီး လွယ်​နေတယ်​များ မှတ်​နေလား'

"Boss... ဒီနေ့ အသစ်​ထုတ်​ထားတဲ့ မစ်​ရှင်​တွေထဲ SS အဆင့်​ မစ်​ရှင်​တစ်​ခုပါတယ်​၊ ယူလိုက်​ရမလား"

ယခုထက်​တိုင်​ S အဆင့်​ မစ်​ရှင်​များသာ ထုတ်​ခဲ့သေးသည်​။ ဤသည်​မှာ ပထမဆုံး ထွက်​ရှိလာသော SS အဆင့်​ စစ်​ဆင်​ရေး ဖြစ်​လေ၏။

"မစ်​ရှင်​က ဘာလုပ်​ရမှာတဲ့လဲ"

"မသိသေးဘူး၊ မစ်​ရှင်​ကို အရင်​ လက်​ခံယူပြီးကာမှ ဘာလုပ်​ရမယ်​ အသေးစိတ်​ကို ပြောပြမှာတဲ့၊ ဒီမစ်​ရှင်​ရှိတာကို ဘုတ်​ပေါ်မတင်​ဘဲ ကြေးစားအဖွဲ့တွေဆီကို တိုက်​ရိုက်​ သတင်းပို့လိုက်​တာ၊ ဒီ့ပြင်​ ပြည်​သူလူထုက မသိရအောင်​လို့..."

"မယူတော့ဘူး" ရှီရှန်း ခေါက်းခါလိုက်​သည်​။ 'ပုံမှန်​ဆို ဒီလို case တွေလာရင်​ အထက်​ကလူတွေ တစ်​ခုခု ကြံစည်​နေတာ ဖြစ်​ဖို့ များတယ်...'

"ဒါပေမဲ့ ဆုကြေးတွေကတော့ အတော်​များတယ်​နော်..." လင်​ဖုန်းက နမြောတသစွာနှင့်​ ပြောလာလေသည်​။

". . ." 'နင်​ ပြောတဲ့ ပုံစံကလဲ ငါကပဲ နင်​တို့ကို ဆုကြေး မခွဲပေးနေသလိုလို၊ မတရားဖိခိုင်းနေသလိုလိုနဲ့...'

"နင်​တို့မှာ စားစရာ မလုံလောက်​လို့လား၊ အမြုတေ မရလို့လား"

လင်​ဖုန်း ခေါင်းခါလိုက်​သည်​။ သူတို့မှာ ထိုနှစ်​မျိုးစလုံး ချို့တဲ့သည်​ဟူ၍ မရှိခဲ့။ 'ငါတို့ မစ်​ရှင်​သွားလုပ်​တိုင်း ရိက္ခာတွေရော အမြုတေကျောက်​တွေပါ အများကြီး စုလာနိုင်​တာ၊ ကျားဖြူရဲ့ လေဟာနယ်​က ဘယ်​လောက်​ကြီးနေမှန်း မသိပေမဲ့ ငါတို့ ရှာတွေ့သမျှ အကုန်​ ထည့်​သိမ်းထားနိုင်​လောက်​အောင်​တော့ ကြီးတယ်​၊ အားနည်းချက်​တစ်​ခုပဲ ရှိတယ်...

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now