၇။ ရွှေပေါ်မြတင် (၇)

Start from the beginning
                                    

"ကောင်မစုတ်လေး၊ ယောကျာ်းလေးကို အိမ်ခေါ်လာတယ်ပေါ့"

သူ အော်ပြီးကာမှ ချူထန်း၏ မျက်နှာကို သေသေချာချာမြင်လိုက်တော့၏။ 'ဟေ၊ ဒီကောင်လေးက ဟိုနေ့က ကောင်လေး မဟုတ်လား၊ ဟုတ်သား ချူထန်းဆိုတာပဲ'

သူ မျက်လုံးတွေ ပြူးကျယ်သွားပြီးတော့မည်သို့မည်ပုံ တုံ့ပြန်ရကောင်းမှန်း မသိသည်အထိ စိတ်လှုပ်ရှားမိသွားတော့လေသည်။

"မစ္စတာ ချူပါလား"

ချူထန်းက ပေါ့ပေါ့ပါးပါးပြုံးပြလိုက်ကာ နှုတ်ဆက်သည်။ "ဥက္ကဋ္ဌရွှီကို နှောင့်ယှက်သလိုများ ဖြစ်သွားလားမသိ"

"ပြဿနာမရှိပါဘူး၊ ဘာမှမဖြစ်ဘူး၊ မစ္စတာချူ ဘာမဟုတ်တဲ့ ကျွန်တော်တို့ အိမ်လေးကို လာရောက်ပေးတာနဲ့တင် ဂုဏ်ယူစရာ ဖြစ်နေပြီ၊ ထိုင်ပါဦး... ကောင်မစုတ်လေး၊ ဘာကြောင်ရပ်နေတာလဲ၊ လက်ဖက်ရည်သွားပြင်လေ"

ရှီရှန်းတစ်ယောက် လုံးဝ ဆွံ့အသွားမိတော့လေသည်။

'အဖေ ခုနကလေးတင် ကျွန်မကို ယောကျာ်းတစ်ယောက် အိမ်ပေါ်ခေါ်လာလို့ဆိုပြီး ဆူနေတာမဟုတ်ဘူးလား...! လေသံက ဘယ်လိုတောင်အပြောင်းအလဲမြန်ရတာလဲ၊ ကျွန်မအဖေရင်းရော ဟုတ်သေးရဲ့လား'

ရှီရှန်း လက်ဖက်ရည်ဖျော်ပြီးချိန်မှာတော့ သူမဖခင်ကြီးနှင့် ချူထန်းမှာ စကားလက်ဆုံကျနေချေပြီ။

သူမ အဝတ်အစားသွားလဲသည့် အချိန်တိုအတွင်းမှာတော့ ရွှီဖေဖေကြီးသည် ချူထန်းကို မစ္စတာချူဟုပင် မခေါ်တော့ဘဲ ရှောင်ချူဟု ပြောင်းခေါ်နေလေ၏။ အထူးဆန်းဆုံးက ရှောင်ချူ - အဲ ချူထန်းက အခေါ်အဝေါ်ကို ပြန်မပြင်ဘဲ ပြန်ထူးနေလေသည်။

'ငါ အင်္ကျီသွားလဲနေတုန်း ဘာဖြစ်သွားတာလဲဟ...! သူတို့ ဆက်ဆံရေးက စောက်ကျိုးနည်းကြီး မတရား ရင်းနှီးသွားပါလား'

ညကြီးမိုးချုပ် အချိန်မတော်ဖြစ်နေပြီမို့ ချူထန်းနှင့် အကြာကြီး စကားဆက်ပြောနေရန် မသင့်တော်တော့ပေ။ ထို့ကြောင့် ရွှီအဖေကြီးသည် ချူထန်းအတွက် အိပ်ခန်းတစ်ခန်း ပြင်ဆင်ပေးရန် ရှီရှန်းအား ခိုင်းလိုက်တော့သည်။ သူမကိုယ်သူမပြင်ဆင်ဖို့အချိန်လေးနည်းနည်းရလိုရငြားဟု တွေးဟန် ပေါ်သည်။ သူမအဖေကတော့ ရှီရှန်းကို ချူထန်းလက်ထဲ ထည့်ပေးလိုက်ချင်ပုံရလေသည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now