၎။ ရွှေပေါ်မြတင် (၄)

Start from the beginning
                                    

ကံကောင်းစွာနှင့်ပင် နန်းကုန်းကျင်းမှာ တံခါးပိတ်ရန် မေ့ခဲ့သည်။

"အားကျင်း ကျွန်မ..."

ရှီရှန်း၏ အသံမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ ထူးဆန်းသော ညည်းညူသံများနှင့် အခန်းမှာ ပြည့်နှက်နေသော်လည်း သူမ တံခါးဖွင့်ဝင်လာတည်းက တစ်ယောက်ယောက်က သူမရှိနေတာ သိသွားသောကြောင့် အခန်းမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ လန်းရွှယ်မှာ ချူထန်းကို ဆွဲဆောင်နေသော်လည်း အသံများကြားလိုက်ရ၍ တံခါးပေါက်ဝကို ကြည့်လိုက်သောအခါ အထဲက မြင်ကွင်းကို သေချာပြတ်သားစွာ မြင်လိုက်ရသည်။

စုယိယိအပေါ်မှ နန်ကုန်းကျင်းမှာ အေးခဲသွားတော့သည်။ သူဒီကိစ္စလုပ်နေတုန်းမှာ တစ်ယောက်ယောက်က သူ့အလုပ်ကို လာဝင်ရှုပ်မည်ဟု မထင်ခဲ့ဖူးပေ။ စုယိယိမှာ နောက်ဆုံး အသိဝင်ပြီး အော်လိုက်မိကာ နန်ကုန်းကျင်းကိုလည်း တွန်းထုတ်လိုက်မိသည်။

"မင်းကို ဘယ်သူကဝင်လာခိုင်းလို့လဲ၊ တံခါးကို အရင်ခေါက်ရမယ်ဆိုတာ ဘယ်သူမှ မသင်ပေးဖူးဘူးလား"

နန်ကုန်းကျင်းမှာ စုယိယိကို စောင်ခြုံပေးပြီး ရှီရှန်းကို ဒေါသတကြီး ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။ ရှီရှန်းလက်တို့မှာ တံခါးလက်ကိုင်ဘုကနေ လျှောကျသွားပြီး သူမ၏ ရှုပ်ထွေးရောစပ်နေသည့် ခံစားချက်များအားလုံးကို လွှတ်ချပေးလိုက်သည်။ အခြားသူများ အမြင်မှာတော့ သူမစေ့စပ်ထားသည့် ကောင်လေး၏ သစ္စာဖောက်မှုကို မျက်မြင်တွေ့မိသာကြောင့် အလွန်စိတ်ဓာတ်ကျပြီး အသည်းကွဲနေသော ကောင်မလေး ဖြစ်နေသည်။

"ကျွန်မ အပြင်ကနေ စောင့်နေပါ့မယ်"

ရှီရှန်းက တံခါးကို ပြန်ပိတ်လိုက်သည်။

"လန်းရွှယ် ငါ့အဖေရယ် ဦးလေးနဲ့ အန်တီကိုပါ သွားခေါ်လာပေးပါလား"

လန်းရွှယ်မှာ ခေါင်းညိတ်လိုက်ပြီး အောက်ထပ်သို့ ခုန်ဆွခုန်ဆွပြေးဆင်းသွားသည်။

ချူထန်းမှာ နံရံကို မှီနေပြီး နှုတ်ခမ်းများကတော့ စချင်နေသည့်ပုံစံဖြင့် ပြုံးနေသည်။ သူဒီမှာ အရမ်းရယ်စရာကောင်းတဲ့ မိသားစု ဇာတ်ကားကြည့်နေရသလိုပဲ။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now