၁။ ရွှေပေါ်မြတင် (၁)

Start from the beginning
                                    

'ငါ cliff-hanger တွေ twisted plot တွေရေးဖို့ ပြန်သွားချင်တယ်၊ ပြီးတော့ ငါ့အဓိကဇာတ်လိုက်တွေကိုလည်း သတ်ပစ်ရဦးမယ်။ *ရွှတ်* ဘယ်သူက ငါ့ကို မိထွေးauthor ဖြစ်လာဖို့ ပြောခဲ့တာလဲ'

စာရေးသူတစ်ယောက်ပီပီ သူမလည်း system အမျိုးအစား ဝတ္ထုတွေကို မရင်းနှီးဘဲ မနေဘူး။ သူမ တစ်ခါတုန်းကတောင် ဒီဝတ္ထုအမျိုးအစားကို ရေးဖူးသေးတယ်။ *အဟွတ်* သူမ ပြီးအောင်မရေးဘဲ တန်းလန်းထားခဲ့ပေမဲ့လို့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါ သူမ ရင်းနှီးတဲ့ ဝတ္ထုအမျိုးအစားပါပဲ။

အဲဒီ့အချိန်မှာ စက္ကန့်ရေတွက်သည့် နံပါတ်များက ဖန်သားပြင်ပေါ်မှ ပျောက်သွားပြီး စာကြောင်းတချို့ပေါ်လာတယ်။

အမည် : ရှီရှန်း

ကိုယ်ကျင့်တရားဆိုင်ရာ ရမှတ် : -100,000

အကျိုးပြုကူညီမှုဆိုင်ရာ ရမှတ် : 0

"ဘာကြီးလဲ၊ အဲ့သလောက် ရိုးရှင်းတယ်လား 'ဉာဏ်ပညာ' 'တိုက်ပွဲစွမ်းရည်' 'စိတ်ကြံ့ခိုင်မှု' ဒါတွေကော ဘယ်မှာလဲ၊ ဒါ systemအမျိုးအစား ဝတ္ထုပုံစံနဲ့ မကိုက်ညီဘူး၊ ပြီးတော့ ငါ့ကိုယ်ကျင့်တရားဆိုင်ရာ ရမှတ်က ဘာလို့ အနုတ် တစ်သိန်းဖြစ်နေရတာလဲ"

အဲဒီ သုညအတန်းလိုက်ကို ကြည့်နေစဉ် ရှီရှန်း ပိုပြီးခေါင်းကိုက်လာတာကို ခံစားရမိသည်။ သူမ ပြန်နိုင်ဖို့ဆို ဒီသုညအတန်းလိုက်ကြီးကို ဖြုတ်ပစ်ရမည်။ မည်သည့်အချိန်ကျမှ သူပြန်သွားနိုင်မည်ကို စဉ်းစားမရနိုင် ဖြစ်နေလေသည်။

'ငါ လူလည်းမသတ်ခဲ့ဘူး... မီးလည်းမရှို့ခဲ့ပါဘဲနဲ့ ဘာလို့အဲလောက်အမှတ်က အနှုတ်ကိုမှ သုညအများကြီးဖြစ်နေတာလဲ'

[Author တွေက ဘုရားသခင်လိုပဲ၊ သူတို့ရဲ့ဇာတ်ဆောင်တွေကို အကုန်ဖြည့်ဆည်းပေးနိုင်တယ်၊ သူတို့ဘဝတွေကနေ သူတို့အကျင့်စရိုက်တွေ အထိ ပုံဖော်နိုင်တယ်၊ ပြီးတော့ ကမ္ဘာတစ်ခုဖန်တီးပြီး အဲဒီ့ကမ္ဘာတွေက အဓိကဇာတ်လိုက်တွေအတွက် အထူးအခွင့်အရေးတွေ ကံကောင်းခြင်းတွေကို ဖြည့်ဆည်းပေးတယ်၊

ဒါပေမဲ့ အဓိကဇာတ်လိုက်တိုင်းကတော့ သူတို့ရတဲ့အခွင့်အရေးတွေကို ဉာဏ်ရှိရှိသုံးနိုင်တဲ့ အကျင့်စရိုက်ကောင်းတွေ မရှိကြဘူး၊ အဲဒီတော့ မတရားခံပြီး သေသွားတဲ့ ဗီလိန်တွေရဲ့ နာကျည်းမှုကြောင့် အဲဒီ့ကမ္ဘာတွေ ပျက်စီးကြရတယ်၊

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now