Ch-7

3.2K 582 21
                                    

Unicode

ကျွန်တော်ဟောက်မင်ယွိကို စတွေ့ခဲ့တာ ရှင်းဆန်းကျောင်း အထက်တန်းပထမနှစ်မှာ။ အဲဒီနှစ်က ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ်တွေထဲမှာ ဟောက်မင်ယွိက အကျော်ကြားဆုံးပဲ။ သူ့ရဲ့ရုပ်ရည်တင်မကဘူး၊ သူပိုင်ဆိုင်တဲ့ အရည်အချင်းတွေကြောင့်လည်းပါတယ်။ သူကထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်တဲ့အပြင်ကို အားကစားဘက်မှာလည်း ထူးချွန်သေးတယ်။ သူ့ရဲ့တင့်တယ်တဲ့ ရုပ်ရည်လေးပါ ထပ်ပေါင်းထည့်လိုက်တော့ ရှင်းဆန်းအထက်တန်းကျောင်းမှာ သူ့ကိုမကြိုက်တဲ့မိန်းကလေးဆိုတာ တစ်ယောက်မှကိုမရှိတော့ဘူး။

ဘာလို့မှန်းမသိ ကျွန်တော်ဟောက်မင်ယွိကို စတွေ့ကတည်းက သိပ်သဘောမကျဘူး။ ကျွန်တော်ပိုင်ဆိုင်တဲ့ ဂုဏ်သတင်းတွေအကုန်လုံးကို သူတစ်ယောက်တည်း သိမ်းကျုံးယူသွားလို့လည်း ဖြစ်နိုင်တယ်။ ချဲ့ကားပြောတာမဟုတ်ဘူး သူမရောက်လာခင်တုန်းကဆို ရှင်းဆန်းအထက်တန်းကျောင်း တစ်ကျောင်းလုံးမှာ ကျွန်တော်အချောဆုံးပဲ။ စာတော်တဲ့ ထိပ််တန်းကျောင်းသားစာရင်းမှာတော့ မပါပေမဲ့၊ ကျွန်တော်လည်း အားကစားမှာ ထူးချွန်တဲ့ ဆရာတစ်ဆူဖြစ်ခဲ့တာ။ ဒါပေမဲ့ ဟောက်မင်ယွိ ရောက်လာပြီးနောက်ပိုင်း ကျွန်တော့်ရဲ့အရောင်အဝါတွေ မှိန်လာသလို ခံစားလာရတယ်။ ပိုဆိုးတာက ကျွန်တော်ကြိုက်နေတဲ့ လျန်ပင်းပင်းက ဟောက်မင်ယွိကို ကြိုက်နေတာပဲ။ 

အထက်တန်းကျောင်းသားဆိုတာ လူပျိုဖော်ဝင်စအရွယ်လေးတွေ၊ အသစ်အဆန်းကို ခုံမင်တဲ့အရွယ်လေးတွေပဲ။ အသစ်အဆန်းဆိုတဲ့ထဲမှာ နှလုံးသားရေးကိစ္စတွေကလည်း မပါမဖြစ်ပေါ့။ အဲဒီတုန်းက ကျွန်တော့်ဆယ်ကျော်သက်ဘဝလေးထဲကို ပထမဆုံးဝင်လာတဲ့ မိန်းကလေးက လျန်ပင်းပင်းပဲ။ တခြားကြောင့်တော့မဟုတ်ဘူး၊ လျန်ပင်းပင်းက လှတယ်လေ။ လှဆိုတစ်ကျောင်းလုံးမှာ အလှဆုံးပဲ။ ဒီတော့ တစ်ကျောင်းလုံးရဲ့ အချောဆုံးကျွန်တော်နဲ့ဆို သိပ်လိုက်ဖက်မှာလို့ ကျွန်တော်တွေးမိခဲ့တယ်။ ဒီလိုနဲ့ လျန်ပင်းပင်းကို စလိုက်ဖြစ်ခဲ့တယ်။ အရာအားလုံးက အဆင်ချောနေခဲ့တာ ဟောက်မင်ယွိ သူတို့ကျောင်းကို ရောက်မလာခင်အထိပဲ။

အတန်းဖော်ဟောင်းကြီးက DRE Test စစ်ပေးလိုက်တယ်တဲ့Où les histoires vivent. Découvrez maintenant