Ch-3

4.1K 617 28
                                    

Unicode

FBပေါ်က သူငယ်ချင်းနှစ်ယောက်ပြောထားတဲ့ စကားတွေအားလုံးကို ယူသုံးထားပါတယ်။ ဘာသာပြန်ထားပေးတဲ့တစ်ယောက်ကိုလည်း ခရက်ဒစ်ပေးပါတယ်နော်။

~~~~~~~~~~~~

ကျွန်တော့်သူငယ်ချင်းကို သွားမေးမယ်ဆိုပြီး ကျွန်တော်လည်း သူ့ကိုမက်ဆေ့ဂ်ျလှမ်းပို့လိုက်တယ်။ ကျွန်တော်ပို့ပို့ပြီးချင်းပဲ သူငယ်ချင်းဆီက ချက်ချင်းreplyပြန်လာတယ်။ ကျွန်တော့်ဒုက္ခကို သူနားလည်ပေးပြီး အကြံဉာဏ်လေးနည်းနည်းလောက် ပေးနိုင်ဖို့ပဲမျှော်လင့်တယ်ဗျာ။

[သရဲမကိုဆံပင်စည်းပေးနေတယ်: ဟေ့ကောင်ရေ.. လုပ်ပါဦး၊ ငါတော့သွားပြီလားမသိဘူး]

[သရဲမကိုဆံပင်စည်းပေးနေတယ်: ငါလေ body check upသွားလုပ်ခဲ့တယ်]

[ကမ္ဘာကြီးကိုအုပ်စိုးမယ်: ???ဘာပြဿနာများဖြစ်လို့လဲ၊ ရောဂါတစ်ခုခုများတွေ့လို့လား]

[သရဲမကိုဆံပင်စည်းပေးနေတယ်: စစ်ပေးတဲ့ဆရာဝန်တစ်ယောက်က ငါ့အထက်တန်းတုန်းကအတန်းဖော်ကွာ]

[ကမ္ဘာကြီးကိုအုပ်စိုးမယ်: မင်းကျန်းမာရေးဘယ်လိုတဲ့လဲ]

[သရဲမကိုဆံပင်စည်းပေးနေတယ်: ငါပြောတာကိုသာနားထောင်၊ ငါစစ်တာတစ်ကိုယ်လုံးစစ်တာမျိုးကွာ၊ စစ်ဆေးတဲ့အခန်းထဲရောက်တော့ ငါ့အထက်တန်းတုန်းကအတန်းဖော်နဲ့တွေ့ရော၊ သူကငါ့ကို DREလုပ်ပေးလိုက်တယ်၊ အဲဒါ......]

[ကမ္ဘာကြီးကိုအုပ်စိုးမယ်: ?]

[ကမ္ဘာကြီးကိုအုပ်စိုးမယ်: ???]

[ကမ္ဘာကြီးကိုအုပ်စိုးမယ်: မင်းအတန်းဖော်က DREလုပ်တာခံလိုက်ရတယ်ပေါ့]

[သရဲမကိုဆံပင်စည်းပေးနေတယ်: အင်း သူဒီနေ့ငါ့ကို ထမင်းစားဖို့ချိန်းနေတယ်]

[ကမ္ဘာကြီးကိုအုပ်စိုးမယ်: ဟားဟားဟားဟားဟား၊ ဘယ်လိုခံစားရလဲ‌ဟျောင့်၊ မင်းအတန်းဖော်က ကောင်လေးလား ကောင်မလေးလား]

[ကမ္ဘာကြီးကိုအုပ်စိုးမယ်: ကောင်လေးလား၊ ချောလား၊ အရပ်မြင့်လား]

အတန်းဖော်ဟောင်းကြီးက DRE Test စစ်ပေးလိုက်တယ်တဲ့Where stories live. Discover now