Ch-1

6.1K 727 29
                                    

Unicode

ကျွန်တော်မနေ့က ဆေးသွားစစ်ခဲ့တယ်ဗျ။ ရလဒ်ကတော့ ဘယ်လိုလာမလဲမသိသေးပါဘူး။ အမှန်အတိုင်းပြောရရင် အဲဒီအကြောင်းကို ခေါင်းထဲတောင်မထည့်မိပါဘူးဗျာ။ ဆေးသွားစစ်ပြီး ရလဒ်ကိုခေါင်းထဲမထည့်မိတာ ခင်ဗျားတို့အတွက် ထူးဆန်းရင်ထူးဆန်းနေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်လိုအဖြစ်မျိုး ကြုံခဲ့ရရင် ခင်ဗျားတို့လည်း ဒီလိုပဲဖြစ်နေမယ်ဆိုတာ ကျွန်တော်လောင်းရဲတယ်။

ဖြစ်ပုံကိုကျွန်တော် ပြန်ပြောပြမယ်။ မနေ့ကကျွန်တော့်ခန္ဓာကိုယ်ကို ဆေးစစ်ဖို့အတွက်ဆိုပြီး ဆေးရုံကိုသွားခဲ့တယ်ဗျ။ အစကဆေးစစ်တာနဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲ ဘယ်လိုမှမနေပါဘူး။ ဒါပေမဲ့ ဆေးစစ်မဲ့အခန်းထဲမှာ အထက်တန်းတုန်းက အတန်းဖော်ဟောင်းကြီးရဲ့မျက်နှာကို တွေ့လိုက်ပြီးတဲ့နောက်ပိုင်း ကျွန်တော့်ဦးဏှောက်ပတ်လမ်းတွေက ရပ်တန့်သွားခဲ့တာပဲ။ သူကကျွန်တော့်ကိုကြည့်တယ်။ ပြီးတော့ ကျွန်တော့လူနာမှတ်တမ်းကိုပြန်ကြည့်တယ်။ အဲဒီအချိန်မှာပဲ သူကျွန်တော့်ကိုမှတ်မိသွားပြီဆိုတာ ကျွန်တော်သိလိုက်တယ်။ ကျွန်တော့်နာမည်ကြီးက လူနာမှတ်တမ်းထိပ်ဆုံးမှာ ပြူးနေတာပဲကိုး။ မျက်စိကန်းနေတဲ့လူပဲမမြင်လိမ့်မယ်။

ဖြစ်ချင်တော့ ကျွန်တော်စစ်တာက တစ်ကိုယ်လုံးကို စစ်တာဗျ။ နောက်တော့ DREလုပ်ရော။ DREဆိုတာဘာလဲ ခင်ဗျားတို့မသိရင် ကျွန်တော်ပြောပြမယ်။ ဒီဟာကိုသေသေချာချာ ရှင်းပြမှ ကျွန်တော့်ရဲ့ဒုက္ခကို ခင်ဗျားတို့သိမှာ။ DREရဲ့အရှည်က Digital Rectal Examinationတဲ့။ အရှင်းဆုံးပြောရရင်တော့ ကျွန်တော်တို့ယောကျာ်းလေးတွေရဲ့ ဆီးကျိတ်ကို စအိုဝထဲလက်ညှိုးထိုးထည့်ပြီး စမ်းသပ်တာပဲ။ ကျွန်တော့်ဒီလိုပွင့်ပွင့်လင်းလင်းပြောလိုက်လို့ ရိုင်းတယ်လို့တော့မထင်စေချင်ဘူး။ ခင်ဗျားတို့ကို နားလည်စေချင်တဲ့ ကျွန်တော့ရဲ့စေတနာတွေပါ။

ပြဿနာက အဲဒီမှာစတာပဲဗျ။ DREလုပ်တာကို ကျွန်တော်ဘယ်လိုမနေပါဘူး၊ စိတ်ထဲမှာလည်းမထားဘူး။ ဒါပေမဲ့ စစ်ပေးမဲ့လူက ကိုယ့်အထက်တန်းတုန်းက အတန်းဖော်ဟောင်းကြီးဖြစ်နေရင်တော့ တစ်မျိုးဖြစ်သွားပြီလေ။ အဲဒီမှာကျွန်တော်သူ့မျက်နှာကိုကြည့်ပြီး ချွေးတွေစပျံလာတာပဲ။ သူ့ပုံစံကြည့်ရတာတော့ ဘယ်လိုမှနေပုံမရဘူး။ သူကဒီလိုလုပ်ပေးရတာ ရိုးနေလောက်ပြီကိုး။ မရိုးတာကကျွန်တော်ဗျ။ ကျွန်တော်ဘယ်လိုမှ စိတ်ကိုဖြေလျှော့လို့ကို မရတော့ဘူး။ သူ့မျက်နှာကိုကြည့်ပြီး စစ်ဆေးတဲ့အခန်းထဲကနေ ကျွန်တော်ထွက်တောင်ပြေးချင်မိတယ်ဗျာ။

အတန်းဖော်ဟောင်းကြီးက DRE Test စစ်ပေးလိုက်တယ်တဲ့Where stories live. Discover now