Ch-9

2.9K 564 28
                                    

Unicode

အချိန်တွေက တဖြည်းဖြည်းကုန်သွားတယ်။ ဘာလိုလိုနဲ့ စာသင်နှစ်ဝက်တောင် ရောက်လာပြီ။ အဲဒီနေ့က ရာသီဥတုကလည်း သာယာတယ်၊ ကောင်းကင်ကြီးက တိမ်ကင်းစင်ပြီး ပတ်ဝန်းကျင်ကလည်း လေလေးတဝှီးဝှီးနဲ့၊ တကယ်ကို စိတ်လက်ပေါ့ပါးစေတဲ့ အခြေအနေလေးပဲ၊ ကျွန်တော့်ရင်ဘတ်ကြီးကပဲ အခြေအနေမကောင်းတာ။

"ငါနင့်ကိုမကြိုက်ဘူး"

"ဘာလို့လဲ?"

ဟုတ်ပါတယ်၊ ခင်ဗျားတို့ထင်တဲ့အတိုင်းပါပဲ။ ကျွန်တော်နဲ့လျန်ပင်းပင်း အတန်းခဏနားချိန်မှာ စကားရပ်ပြောနေကြတာ။

"ငါ...ငါက စာတော်တဲ့ကောင်လေးတွေကိုပဲ သဘောကျတာ"

"ဟောက်မင်ယွိလိုလား?"
ကျွန်တော် စာမတော်တာ ဘယ်လိုလုပ်ရမတုန်း၊ ဦးဏှောက်က စာမြင်တာနဲ့ အိပ်ဖို့ပဲ အသိပေးနေတာကိုး၊ ကျွန်တော့်ကို လာအပြစ်တင်မနေနဲ့။

"ငါတို့ကျောင်းမှာ ဟောက်မင်ယွိအပြင် စာတော်တဲ့တခြားကျောင်းသားတွေလည်း အများကြီးရှိပါသေးတယ်"

"ဒါပေမဲ့ သူကအတော်ဆုံးလေ"
အမြင်ကတ်ပေမဲ့ ကျွန်တော့်မှာ အမှန်ကိုအမှားလုပ်ပြောတတ်တဲ့ အကျင့်မရှိတာခက်တယ်။ ဟောက်မင်ယွိက တကယ်တော်တယ်၊ ဒါကိုတော့ သူဝန်ခံရမယ်။ သူကဘက်စုံတော်နေတော့ နည်းနည်းအားကျမိတာ အမှန်ပဲ၊ ကြည့်ပါလား လျန်ပင်းပင်းတောင်မှ ချွင်းချက်မဟုတ်ဘူး၊ သူ့ကိုကြိုက်နေတာပဲ။

"အေးပါ အေးပါ၊ ထားတော့... ငါတို့အရင်ခေါင်းစဉ်ကိုပဲ ပြန်သွားရအောင်"

"အင်း"

"မုယွင်၊ ငါ့ကိုမကြိုက်ပါနဲ့လား ငါကနင့်နဲ့မသင့်တော်ပါဘူး၊ နင်နဲ့ပိုလိုက်ဖက်တဲ့လူ......"

"ငါ့ကို တခြားတစ်ယောက်ဆီ ဘောလီဘောပုတ်သလို ပုတ်ထုတ်မနေနဲ့"
ဟုတ်တယ်၊ ဒီလိုလုပ်တာကို ကျွန်တော်အမုန်းဆုံးပဲ။ မကြိုက်ရင် မကြိုက်ဘူးပြောလို့ရပါတယ်၊ တခြားတစ်ယောက်နဲ့ အတင်းလိုက်စပ်ပေးတာကြီးကတော့ ဒီလူဘက်က အဆင်ပြေမနေဘူး။

"ဆော...ဆောရီးး"

"ရပါတယ်၊ အကယ်၍... အကယ်၍ငါ ငါစာတော်လာမယ်ဆိုရင်ရော....."

အတန်းဖော်ဟောင်းကြီးက DRE Test စစ်ပေးလိုက်တယ်တဲ့Where stories live. Discover now