Ch-10

4.5K 636 84
                                    

Unicode

အဲဒီနေ့နောက်ပိုင်းကစပြီး ဟောက်မင်ယွိက ကျွန်တော့်ကို မကြာမကြာ စိုက်စိုက်ကြည့်နေတတ်တော့တာပဲ။ တစ်ခါတစ်လေကျရင် လမ်းခွဲခံလိုက်ရတဲ့ ကောင်မလေးတစ်ယောက်လိုမျိုး ကျွန်တော့်ကို လွမ်းလွမ်းဆွေးဆွေး ကြည့်နေတတ်ပြီး၊ တစ်ခါတစ်လေကျရင်လည်း ကျွန်တော့်ကို သူ့ဖြူစင်မှုကိုယူသွားတဲ့ မုဒိန်းကောင် နှာဘူးကြီးတစ်ယောက်လိုမျိုး ကြည့်နေတတ်တယ်။ သူ့စိတ်အပြောင်းအလဲမြန်ချက်က သွေးဆုံးခါနီး အဒေါ်ကြီးတစ်ယောက်လိုပဲ မှန်းဆလို့ကိုမရဘူး။

ကျွန်တော်သူ့ကို စာလေးပဲသင်ပြဖို့ အကူအညီတောင်းခဲ့တာပါ၊ ဘာလို့ ကလေးတစ်ယောက်ကို လှည့်စားပြီး သကြားလုံးလုစားမယ့် လူဆိုးဦးလေးကြီးတစ်ယောက်လို အကြည့်ခံနေရလဲ နားကိုမလည်နိုင်ဘူး။

နောက်ဆုံးတော့ သူ့အကြည့်တွေကို သည်းမခံနိုင်တော့တာနဲ့ စာသင်ချိန်ပြီးလို့ ဆရာထွက်သွားတဲ့အချိန်မှာ ဟောက်မင်ယွိဆီ တည့်တည့်သွားပြီး မေးလိုက်တယ်။ အယ်လယ့် အဲဒီအချိန်ကျတော့ လမ်းလူဆိုးတွေ လိုက်နှောင့်ယှက်တာခံနေရတဲ့ အလှလေးလို ကျွန်တော့်ကို လာကြည့်နေပြန်ရော။
"ငါမေးထားတဲ့ကိစ္စကို ဘယ်လိုသဘောရတုန်း?"

ဟောက်မင်ယွိ ဘာမှပြန်မဖြေရသေးခင်မှာပဲ ကျွန်တော့်မျက်လုံးထောင့်ကနေ အတန်းခေါင်းဆောင် အခန်းထဲကနေ အပြေးအလွှား ပြေးထွက်သွားတာကို ရိပ်ခနဲမြင်လိုက်ရတယ်။ ရာသီဥတုကလည်း ဘယ်အချိန်မှ ကိုယ့်ဘက်ပါမနေဘူး။ ထင်တဲ့အတိုင်းပဲ ခဏနေတော့ နောက်အတန်းချိန်ဝင်ရမယ့် ဆရာက အခန်းထဲကို ပုံမှန်ထက်စောပြီးရောက်လာတယ်။ ဆရာ့နောက်မှာ အတန်းခေါင်းဆောင်က မျက်မှန်လေးပင့်ကာပင့်ကာနဲ့ ခပ်ကုတ်ကုတ်လိုက်လာတာ တွေ့လိုက်ရတယ်။

ငါလည်း ဘာပြဿနာမှ မရှာရသေးပါဘူး၊ အိုကေ?! ဘာလို့ အကုန်လုံးကငါ့ကို သူတို့ရဲ့ အဖိုးတန်မုန်လာထုပ်လေးကို လာတူးသွားမယ့်ဝက်တစ်ကောင်လို လာကြည့်နေရတာလဲ?!

"ကဲ ကဲ အတန်းစမယ်၊ ကျောင်းသားမုယွင် ကိုယ့်နေရာကိုယ်ပြန်ထိုင်ပါ"

You've reached the end of published parts.

⏰ Last updated: Aug 07, 2021 ⏰

Add this story to your Library to get notified about new parts!

အတန်းဖော်ဟောင်းကြီးက DRE Test စစ်ပေးလိုက်တယ်တဲ့Where stories live. Discover now