Ch-2

4.8K 672 29
                                    

Merry Christmas to you all.🎄🎄🎄🎄

Unicode

ကျွန်တော်အိပ်ရာကနိုးလာတော့ နေတောင်တော်တော်မြင့်နေပြီ။ မနေ့ညက ဖုန်းပိတ်ပြီးအိပ်မယ်သာပြောတာ၊ တကယ်တမ်းကျမအိပ်ဖြစ်လိုက်ပါဘူး။ အထက်တန်းတုန်းကအတန်းဖော်ဟောင်းကြီးကို ဒီလိုကြီးပစ်ပစ်ခါခါ ဆက်ဆံလိုက်ရတာ ကျွန်တော်စိတ်ထဲသိပ်မကောင်းဘူး။ ဆိုပေမဲ့လို့ သူ့မျက်နှာကိုမတွေ့ချင်သေးတာလည်း အမှန်ပဲ။

ကျွန်တော်မျက်နှာသစ်သွားတိုက်ပြီးတာနဲ့ မနက်စာစားလိုက်တယ်။ မနက်စာကအရေးကြီးတယ်ဗျ၊ အာဟာရပြည့်အောင်စားသင့်တယ်။ ကျွန်တော်က webtoon artist တစ်ယောက်ပါ။ ဆိုတော့ ကျွန်တော့်အလုပ်က အပြင်ကိုထွက်စရာမလိုဘူးပေါ့ဗျာ။ ကျွန်တော်အလုပ်စားပွဲမှာဝင်ထိုင်ပြီး မပြီးပြတ်သေးတဲ့အလုပ်တွေကို ဆက်လုပ်နေလိုက်တယ်။ ဒီလိုနဲ့ပဲ တနေကုန်သွားပြန်ရော။ ကျွန်တော့်ရဲ့နေ့ရက်တွေက ဒီလိုပဲပုံမှန်လည်ပတ်နေတာပါပဲ။ ပုံမှန်နဲ့မတူတာက ဒီနေ့အလုပ်ဆင်းချိန်လောက်ရောက်တော့ ကျွန်တော့်ဖုန်းထဲကို စာတစ်စောင်ဝင်လာတယ်။ စာဝင်တာကမထူးဆန်းပါဘူး၊ ထူးဆန်းတာက ပို့တဲ့လူကကျွန်တော့်အတန်းဖော်ဟောင်းကြီးဖြစ်နေတာပဲ။

[ကိုယ်အခုပဲအလုပ်ဆင်းတယ်၊ မင်းရော?]

သူ့ပုံစံက အကြောင်းမရှိအကြောင်းရှာပြီး ပြောနေသလိုဖြစ်နေလို့ ကျွန်တော်ပိုပြီး မသင်္ကာဖြစ်လာတယ်။ ကျွန်တော့်ဂန္ဓမာလေးကို ပွတ်သပ်ပြီးနောက်မှာ မအားတရားတွေ ခင်မင်ရင်းနှီးပြနေတာ ဘာသဘောလဲ။

ပြီးတော့ အဲဒီကိုယ်ဆိုတာကြီးကရောဘာလဲ။ ဘာလို့စကားတွေကို မအားတရားကြီး ပျော့ပျော့ပျောင်းပျောင်း ပြောနေတာတုန်းလို့။

[မင်းအလုပ်မဆင်းသေးဘူးလား၊ ကိုယ်တို့မတွေ့တာ ဒီလောက်ကြာနေပြီ၊ မင်းအခုဘာတွေလုပ်နေလဲ]

ကျွန်တော်သူပို့တဲ့စာကို ဒီတိုင်းထိုင်ကြည့်နေပြီး ဘာမှပြန်မပို့ဖြစ်ဘူး။ ကျွန်တော့်စိတ်ထဲမှာ ဘာမှမဖြစ်ခဲ့သလို စကားပြန်ပြောရင်ကောင်းမလား၊ သူ့ကိုဒီတိုင်းပဲ လျစ်လျူရှုလိုက်ရမလား လွန်ဆွဲနေမိတယ်။ သူဘာဖြစ်ချင်နေမှန်း ကျွန်တော်မသိဘူးလေ။

အတန်းဖော်ဟောင်းကြီးက DRE Test စစ်ပေးလိုက်တယ်တဲ့Where stories live. Discover now