Ch-6

3.6K 614 48
                                    

Unicode

ထူးဆန်းတယ်။ ကျွန်တော့်ရဲ့ တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားကလည်း ထူးဆန်းတယ်။ ရုတ်တရက်ကြီး ဒီစကားတွေထပြောတဲ့ ဟောက်မင်ယွိကလည်း ထူးဆန်းတယ်။ အရာအားလုံးက ထူးဆန်းနေလို့ ကိုယ့်ကိုယ်ကိုယ် တခြားဂြိုလ်ပေါ်ရောက်သွားပြီလားလို့တောင် ထင်လိုက်မိတယ်။ ဒါမှမဟုတ် အပြိုင်ကမ္ဘာကို‌ ရောက်သွားတာများလား။ ကျွန်တော်သိတဲ့ ဟောက်မင်ယွိဆိုတာ မိန်းကလေးတွေဝိုင်းဝိုင်းလည်နေတဲ့ နှင်းဆီခိုင်ကြီး၊ ကျွန်တော့်ကိုဘယ်တော့မှ ဒီလိုဖွင့်ပြောမှာမဟုတ်တဲ့ နှစ်ယောက်မရှိတဲ့ အဖြောင့်ကြီး။ ကျွန်တော်ရှေ့မှာထိုင်နေတဲ့ အပြိုင်ကမ္ဘာက ဟောက်မင်ယွိကသာ ကွေးနေတာ။

ငါ့ဘဝကြီးတော့ ရေတိမ်နစ်ပြီထင်တယ်။

"ဘာပေါက်ကရတွေ လျှောက်တွေးနေပြန်ပြီလဲ"

ကျွန်တော် ခေါင်းကိုအဆက်မပြတ် ခါယမ်းပြလိုက်ပြလိုက်ပြီး ငြင်းချက်ထုတ်လိုက်တယ်။
"မတွေးပါဘူး၊ မတွေးပါဘူး"

"အဲဒါဆို ကိုယ်ပြောတာကို ဘယ်လိုသဘောရလဲ?"

"အဲ..အဲဒါက....ငါ..."

"ကိုယ်ပြောတာကို သေချာစဉ်စားပေးစေချင်တယ် အချိန်ယူချင်လည်းရတယ်၊ အဖြေကိုတော့ လက်ခံတယ်ဆိုတာပဲလိုချင်တယ်"

"မင်း...မင်းငါ့ကို နောက်နေတာမဟုတ်လား?"
'ဟုတ်တယ်လို့ ဖြေလိုက်စမ်းပါ'

"ကိုယ့်ရုပ်က နောက်နေတဲ့ပုံပေါ်နေလို့လား"

".........."
'မပေါ်ပါဘူး... မင်းလက်ရှိဖြစ်နေတဲ့ရုပ်က ဖြစ်နိုင်ရင် ငါ့ကိုပါချက်ချင်းဝါးစားချင်နေတဲ့ရုပ်'

ကျွန်တော်သူ့ကို မဝံ့မရဲနဲ့ တစ်ချက်ခိုးကြည့်လိုက်တော့ သူကလည်း ကျွန်တော့်ကိုစိုက်ကြည့်နေတာနဲ့ တန်းတိုးတော့တာပဲ။

သူကဘာလဲ။ ဘာလို့ငါ့ကိုလာကြိုက်ရတာလဲ။ မဟုတ်ဘူး ဘယ်တုန်းကတည်းက ကြိုက်နေတာလဲလို့ မေးရမှာ။ အဖြောင့်ကောင်တစ်ကောင် အဖွင့်ပြောခံရတဲ့ကိစ္စကြီးက နောက်စရာမှမဟုတ်တာ။ သူ့ပုံစံကြည့်ရတာလည်း ငါ့ဂန္ဓာမာလေးကို ပွတ်သပ်မိပြီး ကောက်ကာငင်ကာ ကွေးသွားပုံလည်းမပေါ်ပါဘူး။ နေပါဦး.. ဒါဆို စောစောက လျန်ပင်းပင်းအကြောင်းပြောနေတုန်းက သူမျက်နှာပျက်သွားတာ ငါ့ကြောင့်ပေါ့။ ငါက လျန်ပင်းပင်းကို ကြိုက်နေသေးတယ်ထင်လို့ သူဝမ်းနည်းသွားတာပေါ့။

အတန်းဖော်ဟောင်းကြီးက DRE Test စစ်ပေးလိုက်တယ်တဲ့Where stories live. Discover now