Extra 3 - A Happy Birthday Inside of St. Patrick's Cathedral (Unicode)

Start from the beginning
                                    

ရုတ်တရက် တခုခုကို စဉ်းစားမိသွားပြီး ပြုံးလိုက်တယ်။

“အိုး တို့တွေ ၁၄ လွှာထိ သွားပြီး အဲ့ အိန္ဒိယအမျိုးသမီးကြီးကို သွားရှာမယ်လေ မင်း ခွေးမကြောက်ဘူးဆိုရင်ပေါ့”

ရှောင်းကျန့်က baggage carousel ကို ကြည့်နေတာဖြစ်တယ်။ ဝမ်ရိပေါ်ရဲ့ အဲ့စကားကိုကြားတော့ လန့်သွားတယ်။ အဲ့ဒီ့နောက် သူ့အတွေးတွေ ပြန့်လွင့်သွားတော့တာပဲ။

ဝမ်ရိပေါ်အနေနဲ့က ရှောင်းကျန့်ဟာ လေယာဉ်ခရီးစဉ်ကြာလို့ ခရီးပန်းနေတယ်ပဲ ထင်ထားတာဖြစ်တယ်။ သူတို့ luggage တွေကို ယူပြီးတဲ့နောက် သွားဖို့ ခေါ်လိုက်တယ်။

နှစ်ယောက်သားဟာ ကားတစ်စီးကို အငှားယူထားခဲ့တာဖြစ်ပြီး လေဆိပ်မှာပဲ လက်ခံယူခဲ့တာဖြစ်တယ်။ ဝမ်ရိပေါ်က သူတို့ အထုပ်အပိုးတွေကို ကားနောက်ခန်းထဲ ထည့်လိုက်ပြီးတာနဲ့ တည်းမည့်နေရာ လိပ်စာကို ရိုက်ထည့်လို့ ထွက်ခွါလာခဲ့ကြတော့တယ်။

“နောက်ပိုင်းမှာ မင်း မက်ဟန်တန်ကို ပြန်လာခဲ့သေးလား?”

ကားဟာ လေဆိပ်ထဲက ထွက်လာခဲ့ပြီမို့ တလျှောက်လုံး တိတ်နေတဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို မေးလိုက်တာဖြစ်တယ်။

“တရုတ်ကို ပြန်ခါနီး တစ်ခေါက် ပြန်လာသေးတယ် ပြီးတော့ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး နှစ်ခါ ပြန်လာဖြစ်တယ် ဒါပေမယ့် မက်ဟန်တန်မှာတော့ မနေခဲ့ဘူး”

ဝမ်ရိပေါ်က ဖြေပြီးတဲ့နောက် ပြန်မေးလိုက်တယ်။

“ဘာဖြစ်လို့လဲ?”

ရှောင်းကျန့်က ခဏလောက် စဉ်းစားပြီးတာနဲ့ ပြောလိုက်တယ်။

“ငါ မာမားကိုခေါ်ပြီး New York ကို တစ်ခါ ပြန်လာခဲ့သေးတယ်”

“ဘယ်တုန်းကလဲ?”

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က”

ရှောင်းကျန့်က ပြောပြီးတာနဲ့ ပြတင်းပေါက်ဘက်ကို လှည့်ပြီး သူနဲ့ လုံးဝ ရင်းနှီးခြင်းမရှိတော့တဲ့ အပြင်က ရှုခင်းကို ကြည့်လိုက်တယ်။

နောက်ထပ် ၂ နှစ်ကုန်သွားခဲ့ပြန်ပြီဆိုပေမယ့် New York ဟာ ဘာမှ ကြီးကြီးမားမား ပြောင်းလဲသွားခြင်း မရှိဘူး။ မြို့တစ်မြို့ဟာ တိုးတက်သင့်တဲ့အတိုင်းအတာအထိ တိုးတက်ပြီးပြီဆိုရင် ပြောင်းလဲမှုဆိုတာလည်း သိသိသာသာ နှေးသွားတာမျိုးမလား။ သူနဲ့ ဝမ်ရိပေါ်ဟာလည်း သံသရာလည်လို့ အခု နောက်တစ်ခေါက် ကားထဲမှာ အတူတူ ထိုင်နေကြတယ်။ New York ရဲ့ ရှုပ်ထွေးတဲ့လမ်းပေါ်မှာ ပိတ်မိနေရင်း ရှေ့က မီးပွိုင့်ကို စောင့်နေကြတယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now