3.လှပထက်မြက်သောစက္ကထရီမလေး

Start from the beginning
                                    

ဗိုက်ပွတ်၍ပြောနေသော ဘုန်းကိုကြည့်ခါ သာ ရယ်ချင်သွားသည်။ဒီတစ်ခါ သာ့အလှည့်။

"ဒီမှာ ဘုန်း တစ်ခါထဲသဘောတူညီမှုလုပ်မှရမယ် ငါ"

"အဲ့ သဘောတူညီမှုတွေ ခန ခေါက်ထားစမ်းပါ ချက်ထားတယ်မလား တော်ပြီမေးနေလည်းအပိုပဲ"

သာ့ စကားမဆုံးလိုက် ပြောချင်ရာပြောဇွတ်ထွက်သွားတာ ထမင်းစားခန်းဆီ။
၆နာရီဆိုတာ မှောင်သင့်သလောက်မှောင်နေပြီ။သာကတော့ မီးအမှောင်ချထားသလားမှတ်ရတယ် ။ကိုယ့်မှာ ရှိသမျှ မီးခလုတ်တွေလိုက်နှိပ်ရသည်။

"သာ နင်ကလည်းမီးတွေဘာလို့မဖွင့်တာလည်း"

ထမင်းစားခန်းလည်းရောက်ရော

"ဟဲ့သာ "

"ဘာလည်း"

"ဘာချက်ထားလည်း"

"အာ့မှာကိုယ့်ဘာကိုယ် လှန်ကြည့်ပါလား"

"ဟင် သာကလည်းဟာ အရွက်သုပ်လား ထမင်းနဲ့ ၁မျိုးထဲလား"

"Aww ပြောတတ်တယ် အကိုဘုန်း နင့်ရေခဲသေတ္တာလည်းဖွင့်ကြည့်ဦး ဘာရှိလို့လည်း ရှိတာချက်ထားရတာပဲ သွားဝယ်ဖို့ကျတော့နင်က တံခါးသော့ခတ်ခဲ့ပြီး ဟွန်း"

ခါးထောက်ခါပြောနေသည့် သာ့ ကိုကြည့်ကာခေါင်းယမ်းမိသည်။

"ငါ့မှာတော့ ပေါင်မုန့်နဲ့ ရေနဲ့သောက်စားရတယ် အရွက်ပဲသုတ်လိုက်တော့တာ ငါမှား လား ငါလည်းမစားရသေးဘူး ဗိုက်ဆာတာပဲကို အပြင်လည်းထွက်မဝယ်ရဘူး နင်ကပြန်လာတော့လည်း ဘာမှမဝယ်ခဲ့ဘဲ ငါ့ အပြစ်ပြောမနေနဲ့"

ဟာ ပြောလည်းပြော အသံကတုန်ချင်လာတာမို့ ဘုန်း စိတ်ရှုပ်သွားသည်။ မငိုနဲ့ သာ နင်ငိုရဲငိုကြည့်။

"ဒီမှာ ငါ့ကိုကြည့် သာ လာ တွေ့လားဒီမှာ တံခါးရှိတယ် ဖွင့်လိုက် " 

ပြောလည်းပြောသူပြတယ့်နေရာကိုကြည့်လိုက်တော့ မီးဖိုစင် တန်းရဲ့ အောက်ဘေးနားလေးမှာ တံခါးသေးသေးလေး တွေ့ရသည်။ ဖွင့်လိုက်တော့   ဟင်   ။ဟုတ်သည်။ မြင်လိုက်ရတာက၄ကန့်ရှိပြီး တစ်ကန့်က ကြက်ဥ၊တစ်ကန့်က ခေါက်ဆွဲခြောက်ထုပ်တွေ၊နောက် ကြက်ဥချောင်းတွေ၊ready madeထုပ်တွေ အစုံပဲ၊နောက်ဆုံး တစ်ကန့်မှာ အသားတစ်ချို့ရှိလေသည်။နံရံထဲဘယ်လိုများမြှပ်ထားလည်းစဥ်းစားမရ။အအေးလည်းလွှတ်ထားပေသည်။ ဒါဆိုသာ တစ်နေ့လုံး ဒါတွေကိုရှာမတွေ့ဘဲ ပေါင်မုန့်စားနေရတာပေါ့။

A mysterious love story (Completed)Where stories live. Discover now