22.ဒေါ်သာယဥ်ကျေး၏ အတွေးစများ

999 51 0
                                    

ဘုရားရေ အံ့သြစရာက သူမအတွက်ဖြစ်လာခဲ့ပြီ ။ ဖြူနဲ့ ပြန်တွေ့ပြီးထဲက သူမအတွက်သေချာတာတွေရှိနေပြီ။ တခြားဘာမှမသိချင်တော့ပါဘူး ။ သြဇာကောင်း ဆိုတယ့် ကိုယ်ပျောက်လူသားအကြောင်းပဲ စိတ်ဝင်စားတာ။ ဖြူကိုနည်းနည်းလေး ကျောင်းတုန်းက လူတွေနဲ့အဆက်သွယ်ရသေးလားဘာညာနဲ့အစ်အောက်ပေမယ့် ဖြူက ၁၀တန်းမှာ ဘော်ဒါဝင်သည်မို့ အဆက်ပြတ်သွားသည်ဆိုပဲ။ သူမအတွက်လမ်းစက သူမကိုယ်တိုင်ရှာရတော့မှာပါပဲ ။သာယဥ်ကျေးရေ ဖိုက်တင်း ။

အယ် ဘုန်းကိုတော့သတိရသား ။အဲ့ဘုန်းဟာလေ နေနိုင်တယ် တကယ်ပဲ။ ဒီကြားထဲမှာကိုသြရှနဲ့လည်းတော်တော်ကြီးရင်းနှီးနေပြီ ။ဘုန်းရဲ့၃ပုံ၁ပုံစာတောင်မရှိပေမယ့် သာ့အနေနဲ့ဆို တော်တော်ရင်းနှီးတယ့်သူစိမ်းယောက်ျားလေးဟုပင်ပြော၍ရလောက်သည်။

ဖြူကတော့သာ့အပေါ် သာ့အိပ်မက်တွေအတိုင်း ဆိုးတိုင်ပင်ကောင်းတိုင်ပင်ဖြစ်ဖို့ပင်ထင်ပါရဲ့ ။သာ ခုဆိုဘုန်းမရှိပေမယ့် မန်းလေးမှာ သူငယ်ချင်းရှိသည်ဟူသောစိတ်ကြောင့် ပို၍အရင်ကထက်အဆင်ပြေလာသည်။ ​ဟာ ဘုန်းကိုလွမ်းလာပြန်ပြီ။

သြော် ရှင်တို့ကိုပြောရဦးမယ်သိလား ။သာလေ သြဇာကောင်းကိုအမိဖမ်းဖို့ကြိုးစားခဲ့တယ့်အ​ေကြာင်း။

အမြဲပန်းစီးပို့နေတယ့် သူကိုဖမ်းဖို့က တနေ့သာ့အတွက်အခြေနေဖန်ခဲ့တယ်လေ။ ပုံမှန်ဆို သာတို့မရှိတယ့်အချိန်တို့ မနက်အစောကြီးတွေမှာသာလာထားတတ်တာလေ ။ဘယ်ရမလည်း သာယဥ်ကျေးလေ ။အဲ့နေ့က သာတို့ရုံးပိတ်ရက်လေ။ အစက ပျင်းပြီး နောက်ကျမှထမလို့ပဲ ဒါမယ့် စောင့်ဖမ်းမယ်ဆိုတယ့်အတွေးရလာပြီး ထကြည့်လိုက်တာ ဘာမှလည်းမထူးဘူး။ကြည့်ရတာ ဒီနေ့ အိမ်မှာမရှိတယ့် နေ့လည်လောက်မှလာပို့မယ်ထင်တယ်။သာလေ အဲ့နေ့က သေချာကိုစောင့်ဖမ်းတာ ဟူးနောက်ဆုံးမှာမိတော့မိပါရဲ့။သာမထင်တာက လူငှားပြီးပို့မယ်ဆိုတာပဲ ။တကယ် ကိုပဲ ။သူ့ကိုတွေ့တော့ရော သာက ဘာလုပ်မှာမို့လည်း။ပိုကိုပိုတယ်လေ ။သာ့မှာသာ အဲ့ကောင်လေးကို ဘယ်လိုမှအစ်အောက်လို့မရလို့ ပြန်လွှတ်လိုက်ရတာ ။

A mysterious love story (Completed)Место, где живут истории. Откройте их для себя