39.first kiss 2 times

1.3K 42 0
                                    

သာ အိပ်ပျော်နေရင်း အသက်ရှူမဝသလိုခံစားလိုက်ရပြီး နိုးလာခဲ့တယ်။ တစ်ဆက်ထဲမှာပဲ သာ့ရင်တွေ တစ်ဆတ်ဆတ်ခုန်လာခဲ့တယ်။ မဟုတ်ဘူး တုန်ပါတုန်နေခဲ့တာ။ နောက်တော့ နူးညံ့ပြီး ပြင်းရှလာတယ့်အထိအတွေ့တစ်ခုကိုသာ သတိထားမိသွားတယ်။ ဒါ့ကြောင့် အိပ်ချင်တယ့်စိတ်တွေပါပျောက်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ လားလား သြဇာကောင်းက သူမကိုနမ်းနေခဲ့တာပဲ ။ သူ့ရဲ့ဝင်သက်တွေနဲ့ထိတွေ့ခဲ့တယ့်နေရာတွေက လောင်ကျွမ်းကျန်ခဲ့သည်။ လက်ဖျားတွေပါအေးစက်လာပြီး တစ်ဆက်ထဲမှာပဲ ကျဆုံးချင်နေတယ့်စိတ်တွေဟာ ငါ့အပေါ်လည်းလိမ်ညာပြီးတော့ ငါ့အချစ်ကိုတောင်းခံတယ် ခုလည်းသူ့ပိုင်နက်ထဲဆိုပြီး ငါ့ဆန္ဒကိုထည့်မတွက်ဘဲ အနိုင်ကျင့်စော်ကားတယ် သြဇာကောင်း ရှင့်ကိုကျွန်မမုန်းချင်တယ်။

စိတ်ကူးတွေးတို့နဲ့တစ်ထပ်တည်း အံ့သြနာကြည်းမှုတို့ဝင်လာကာ သူ့ကိုယ်ကြီးကို အတင်းတွန်းဖယ်ပြီး စိတ်ထဲက နာကျင်မှု၏မြူမှုန်လောက်သာမရှိသော နာကျင်မှုမျိုးသူ့ကိုပေးဖို့ သူ့ပါးပေါ် လက်က သူ့အလိုလိုရောက်သွားမိသည်။ ပြီးတော့ဆက်ခနဲထပြီး

"ဒီမှာ ဦးသြဇာကောင်း ရှင့်ကိုလူကြီးလူကောင်းလို့ ထင်လိုက်မိတာကျွန်မအတွက်အမှားကြီးပဲ ဒီတော့ ခုချိန်လောက်ဆို ရှင်လည်းစစ်ဆေးလို့ပြီးလောက်ပြီလို့ ကျွန်မထင်ပါတယ် ကျွန်မရဲ့ရုံးချိန်လည်းနီးနေပြီဖြစ်တာမို့ ကျွန်မသွားတော့မယ်"

"ခန ကိုယ်.."

စားပွဲပေါ်တင်ထားတယ့် ဖိုင်ထပ်ကို ပွေ့လိုက်ပြီး မှန်နံရံတွေကိုကျော်ဖြတ်ပြီး ခပ်သွက်သွက်လျှောက်မိ၏။ အနောက်ကနေ သူ၏ခေါ်သံနှင့်အတူ လျှောက်လှမ်းလာသံ ကိုကြားလေ သာပိုလျှောက်မိလေပါ။ သူ့ဝန်ထမ်းတွေကြားမှာ သာ့ကိုအထင်လွဲမခံနိုင်ပါ။ သူဌေးရုံးခန်းထဲမှာ ၂နာရီနီးပါးရှိခဲ့တယ့်မိန်းကလေးတစ်ယောက်ပြန်ထွက်လာတော့ စိတ်နဲ့ကိုယ်နဲ့မကပ်နူိင်အောင်ဖြစ်နေရုံမက သူဌေးဖြစ်သူကလည်း နောက်မှ ရင်းနှီးသောအခေါ်ဝေါ်မျိုးနဲ့ လိုက်လာတာက ပါတ်ဝန်းကျင်ကိုအမြင်တမျိုးဖြစ်စေမှာကြောင့် သာ ကော်ရစ်ဒါအကွေ့နားရောက်တော့ နောက်လှည့်ပြီး

A mysterious love story (Completed)Where stories live. Discover now