14.သြဇာကောင်း မင်းကဘာကောင်မို့လည်း

1.1K 71 0
                                    

🖤ပဟေဠိဆန်သော  ချစ်ခြင်းသွယ်🖤

                             အပိုင်း(၁၄)

"ဟဲ့ သာ နင့်လက်ထဲက ပုံးကြီးက ဘာလုပ်ဖို့လဲ  မြင်မကောင်းဘူး ပေး ငါသယ်ပေးမယ်"

ကြည့်ဦးလေ။ကိုယ်က လာကြိုတာ smartကျကျ ။
ထွက်လာတယ့်ဝန်ထမ်းတွေကလည်း ရုံးဝတ်စုံနဲ့ဆွဲခြင်းလေးတွေကိုယ်စီနဲ့smartကျကျ။ဒီကြားထဲမှာ GMမမကြီးက ဆွဲခြင်းကိုတစ်ဖက်ကဆွဲ။ပုံးအကြီးကြီးကတစ်ဖက်မှာပွေ့ပြီး ဗရမ်းဗတာ။ဒီကြားထဲစီးထားတာက high heel ။တော်ပါသေးရဲ့ ဘောင်းဘီပဲဝတ်ပေလို့ပေါ့။မတော် စကပ်တုပ်ပြီးလဲမှဖြင့် ..ဟားဟား ။။ ဘုန်းကိုယ့်အတွေးနဲ့ကိုယ် ရီမိသည်။

"အဟင်း ကျေးဇူးပဲ ဘုန်းရယ် "

"နေစမ်းပါဦး သာရဲ့ နင့်ပုံးက မလေးပါလား။မှန်းစမ်းအထဲမှာဘာပါလို့လဲ"

ဘုန်းကတ်ထူပုံးကိုဖွင့်ကြည့်မလို့လုပ်တော့ သာကအလျင်အမြန်ပင်

"ဟင့်အင်း မကြည့်နဲ့နော် ..အဟင်း"

ရုတ်တရက် ပုံးပေါ်လက်တင်ပြီးတားလည်းတား ဘေးဘီလည်းဝေ့ကြည့်ကာ သူ့ကို သွားဖြီးပြီးပြောလာသည့်သာ့ကိုကြည့်ပြီး နည်းနည်းတော့ စိတ်ဝင်စားရသည်။ဒီပုံးထဲမှာဘာပါလို့ ဒီလောက်မူပျက်နေရတာပါလိမ့်။

"သာ နင် မဟုတ်မှ"

"ဟမ် မဟုတ်မှ"

မျက်လုံးကြီးပြူး လက်ညှိုးကြီးထိုးပြီးပြောလာသည့်ဘုန်းကိုကြည့်ကာသာပင် သံယောင်လိုက်ရွတ်မိသည်။

"မဟုတ်မှ သာ နင် "

ပြောမလားစောင့်နေသော်လည်း မျက်လုံးကြီးပြူးပြီးစကားထွက်မလာ၍သာစိတ်မရှည်ချင်တော့

"အာ ဘုန်းလက်ျာ နင် ပြောမလားမပြောဘူးလား ငါစိတ်မရှည်တော့ဘူးနော်"

"ပြောပါမယ်ဟာ နင် ဒီထဲမှာ ရုံးကလူတွေမသိစေချင်တယ့်လျှို့ဝှက်ပစ္စည်းတွေဘာတွေပါတယ်မလား ဥပမာ ငှင်းငှင်း"

လူယုတ်မာအသံနဲ့ပြောနေတော့

"အေး ဟုတ်တယ် ရုံးကလူတွေမသိစေချင်တယ့်ဟာတော့ပါတယ် ဘာလည်းဆိုတာတော့ အိမ်ရောက်မှကြည့်တော့ မောင်းမြန်မြန် တကတည်းကိုဟွန်း "

A mysterious love story (Completed)Where stories live. Discover now