7.လွန်ခဲ့သော၁၁နှစ်

1.4K 78 0
                                    

🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤

အပိုင်း(၇)

"ခေါင်းကို နောက်တစ်ခါမသုတ်နိုင်ရင် ညဘက်မလျှော်နဲ့ ကြားလား မတော်လို့ နင် ဂန့်သွားရင်"

"ဟယ် ဘုန်းစုတ် ပေါက်ပေါက်ရှာရှာ "

ပြောရင်းသာက ကိုယ့်ကို နောက်ပြန်ရိုက်ချက် တစ်ခု ပေးလိုက်သည်။

"ဖက်"

"ဟ နာတယ်ဟ လက်ပြတ်ကြီးနဲ့ သူ့အသားမဟုတ်တိုင်း စေတနာနဲ့လည်းလုပ်ပေးရသေးတယ် နင့်ကြောင့်ငါဇာတ်ကားအကြည့်ပျက်တယ်ဟွန်း"

သူမမြင်နိုင်မှန်းသိပေမယ့် သာမျက်စောင်းတစ်ချက်ထိုးမိသည်။ ဇာတ်ကားက မဆိုးပေ ကြည့်လို့တော့ကောင်းသား ။ကြံကြံဖန်ဖန် game ကစားရတယ်လို့။

"ဟဲ့ သာ ဒီဘက်လှည့် "

ပြောလည်းပြော သာ့ခေါင်းလေးကိုသူ့ဘက်ဆွဲလှည့်ဖို့လုပ်သည်။

"ဟာ ကောင်းခန်းရောက်နေပြီဟာ ငါလှည့်ရင်ဘယ်လိုကြည့်ရမှာလဲ"

"အပိုမပြောနဲ့ ခနလွတ်တာ ဘာမှမဖြစ်ဘူး ဒါမှမဟုတ်ငါအရှေ့လာပြီး TVရှေ့ လာရပ်ပေးရမှာလား"

နောက်ဆုံးတော့သာ လှည့်ပေးရတော့လေသည်။ ဘာပဲပြောပြော သာ့အတွက်လုပ်နေတာကို ။

ဘုန်း သူမ ဆံပင်လေးတွေကို သေချာသုတ်ပေးနေမိသည်။ သူမသုံးတယ့် shampooက ဘာအမျိုးအစားလဲမသိပေမယ့် အနံ့လေးက မွှေးတာလည်းမဟုတ် သင်းသင်းလေးနဲ့ စိတ်ကြည်လင်စရာပင်။ ဘုန်းက မတ်တပ်ရပ်နေသဖြင့်သူမခေါင်းကဘုန်းရဲ့ ဗိုက်နားမှာသာရှိသည်။ရုတ်တရက် ခေါင်းသုတ်နေရင်းမှ သူမမျက်နှာလေးဆီ အကြည့်ရောက်သွားတော့ တာဝါဖုံးနေတယ့် အပေါ်ပိုင်းရဲ့ အောက်နားမှာ နှာဖျားလုံးလုံးလေး။ အဲ့အောက်မှာတော့ ပန်းဖျော့ဖျော့ နှုတ်ခမ်းဖူးဖူးလေး။

ဘုန်း ရင်ထဲ တင်းကျပ်လာသလို ခံစားလိုက်ရသည်။ထိုကြားထဲ ဇာတ်ကားမှ ကြောက်စရာတီးလုံးက ကိုယ့်ရင်ခုန်သံနှင့်အတူ တဖြေးဖြေး ကြောက်စရာ ကောင်း လာသည်။အတန်ကြာစိုက်ကြည့်နေပြီးမှ 'ဂလု'ခနဲ တံတွေးတစ်ချက် မျိုချ ကာ

A mysterious love story (Completed)Where stories live. Discover now