49.အိတ်ပုတ်မလေး

842 39 0
                                    

သာညကမိုးအေးတာကြောင့်အိပ်ရေးဝဝလင်လင်အိပ်ပျော်သွားသည်မှာဖုန်းမြည်သံမကြားရခင်အထိဖြစ်သည်။

"Cause I'm all about him him him him
And he's all about me me me me
We don't give a dang dang dang dang
About nobody e e e ..

Cause I'm all about him him him him And he's all about me me me me WE don't"

"Hello "

အိပ်ချင်မူးတူးသံလေးနဲ့ဖုန်းပြန်ဖြေလိုက်တယ်။ တစ်ဖက်က ဖွဖွလေးရယ်မောသံကိုကြားလိုက်ရပြီး

"ကျေး မထသေးဘူးလား ခုဘယ်နှစ်နာရီထိုးပြီလည်းသိလား"

"Hmm ဘယ်နှစ်နာရီထိုးသေးလို့လည်း "

ဆွဲဆွဲငင်ငင်လေးပြောနေပုံလေးက မျက်လုံးထဲသူ့အလိုလိုမြင်ယောင်မိကာ အချစ်ပိုလာရသည်။

"၉နာရီခွဲတော့မယ် ကျေးရဲ့ ဒီထက်နောက်ကျရင် ဘုရားသွားလို့မကောင်းတော့ဘူးလေ လိမ်မာတယ်ထလိုက်နော်"

သူပြောတယ့်နာရီလည်းကြားရော သာလန့်သွားမိသည်။ဘုရားရေ ၉နာရီခွဲထိသာအိပ်ပျော်သွားတယ်ပေါ့။

"ဟမ် ၉နာရီတောင်ခွဲတော့မယ် ဟုတ်လား အာ သာဘယ်လိုဒီထိအိပ်ပျော်သွားမှန်းမသိဘူး အာ့ဆို ခနနော် သာ့ကို ၁နာရီလောက်ပဲအချိန်ပေး ၁နာရီပြည့်ရင် leo's birdမှာတွေ့မယ်လေ"

သာက မွေ့ယာပေါ်က ကမန်းကတန်းထ ပြီးတော့ စောင်ကိုမြန်မြန်ခေါက်ပြီး ဖုန်းကို Speakerဖွင့်ပြီးပြောနေတယ်။လက်ကလည်းမြန်မြန်လှုပ်ရှားနေမိတယ်။ဘုန်းစုတ်ငါ့ကိုမနှိုးဘူးကြည့်စမ်း။

အဲ့အချိန်မှာ သူ့ဆီက ရယ်သံဖွဖွထပ်ကြားရပြန်တယ်။ ပြီးတော့

"အိပ်ပုတ်မလေး ကိုယ်ကခု မင်းအိမ်ရှေ့မှာ သိလား မိနစ်၄၀ပဲ အဲ့ထက်ထပ်နောက်မကျနဲ့တော့ နော် ကိုယ်ကားပေါ်ကပဲစောင့်နေတော့မယ် ကိုယ်ဖုန်းချလိုက်ပြီနော်"

အဲ့တော့မှ သာ့မှာရေချိုးခန်းထဲမြန်မြန်ဝင် ရေမိုးချိုးပြီး ဘုရားသွားမှာဆိုတော့ သာဝတ်လေ့သိပ်မရှိသည့် မြန်မာဝမ်းဆက် ကိုဝတ်ရတော့မည်။ပြီးတော့ ဒီနေ့က First dateဆိုတာကိုပြန်တွေးမိတော့ သာ့မှာရှိသည့် ဝတ်စုံတွေကိုကြည့်မိသည်။ သင့်တော်တာတစ်ခုခုတွေ့မှာပါ။ သာ့မှာက အရောင်ရင့်တွေကများနေသည်။ ဒါ့ကြောင့် နောက်ဆုံး ခရမ်းရောင်တောက်တောက် ဝတ်စုံကိုရွေးချယ်လိုက်တယ်။တခြားတော့မဟုတ်ဘူး မေမေတို့က သာဒီဝမ်းစက်လေးဝတ်ရင် အသားရောင်လေးက ပိုလှသွားပြီး သာနဲ့လိုက်သည်ဟုချီးမွမ်းထား၍ပင်။ တံတောင်ဆစ်မရောက်တရောက်လက်လေးနဲ့ခါးတိုဝတ်စုံလေးမှာ ဘာမှအလှမဆင်ထားဘဲ သလင်းကြယ်သီး ၅လုံးဖြင့် သာ။ဆံထုံးထုံးဖို့လက်ကပြင်ဆင်ပြီးမှ မနေ့ကမှဆံပင်ကလျှော်ထားတာမို့ ပြီးတော့ဒီနေ့အလုပ်လည်းမရှိဘဲကိုဆိုပြီး ဆံပင်ကို ဖြန့်ချကာ ရှေ့ကိုအပြောင်သပ်ပြီးတလွှာဖွဖွလေးစီးကာ ဟိုတစ်လက ဖြူနဲ့စျေးဝယ်ထွက်ရင်း ဝယ်ပေးထားတယ့် ဖဲပြားဆံညှပ်လေးကိုညှပ်လိုက်သည်။ ပြီးတော့ ဆံပင်ဖျားလေးကို ကောက်တံလေးနဲ့နည်းနည်းကောက်လိုက်သည်။အမယ်မဆိုးဘူး လှလို့။

A mysterious love story (Completed)Where stories live. Discover now