16.ကိုယ်လူချောက ငါ့တွဲဖက်

1.1K 70 0
                                    

🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤

အပိုင်း(၁၆)

ဒီနေ့ဆရာပြောထားတယ့် program စလုပ်ဖို့အတွက်၂ဖက်စုံညီပွဲရှိတော့ သာ အလုပ်ကိုစောစောသွားစရာမလိုပေ။ ဆရာက programမှာပါတယ့်သူတွေကိုအလုပ်၁လ အနားပေးထားသည်။၁၀နာရီမှစမှာဆိုတော့ prince hotelကို၉နာရီ၂၀လောက်သွားရင်ရသည်။ မန္တလေးက ရန်ကုန်လောက်ကားမရှုပ်တာ ကောင်းသည်ပင်။သာဒီနေ့တော့ အိပ်ရာထနာရီဝက်လောက်နောက်ကျသည်ပင်။ဘုန်းကိုညကထဲကကြိုပြောထား၍ ကိစ္စမရှိ။ ဘုန်းကိုအဆင်ပြေပါ့မလားပြောတော့ ဒီနေ့သင်တန်းက မနက်ပိုင်းတစ်ချိန်ကမသွားလည်းရတယ်ဟုပြောသည်။ ဘုန်းကိုကြည့်ရတာခုတလောတမျိုးပင်။အရင်လိုပေါ့ပါးမနေပဲ လေးပင်နိုင်လှ၏။ ဘုန်းမှာအခက်အခဲတခုခုများရှိနေသလားဟုပင်တွေးမိသည်။

သာနှင့်ဘုန်းစသိပုံကလည်းဆန်းသည်။ဖွားဖွားကတောင်ကြီးမှာလိမ္မော်ခြံပိုင်သည်။ဖွားဖွားခြံကအသီးကချိုပြီးစားလို့လည်းကောင်းတယ်။အဲ့နေ့ကပေါ့ သာက ဖွားဖွားရဲ့ခြံထဲကိုစက်ဘီးနဲ့အသွား ခြံနားရောက်ခါနီးမှာ လိမ္မော်သီးတွေတပွေ့တပိုက်နဲ့ကောင်လေးကိုဝင်တိုက်မိတာ။

"ဗုန်း အား သေပါပြီ နာလိုက်တာ"

စက်ဘီးလေး ကခြေထောက်ကိုပိနေတော့ပိုနာရသည်။အခုချိန်ထိ တိုက်မိတယ့်သူကိုမကြည့်ရသေးပဲကိုယ့်ခြေထောက်ပေါ်ကစက်ဘီးကိုပဲ အရင်ဖယ်ပြီးထောင်နေတုန်းပါးစပ်ကလည်း

"နင်ဘယ်လိုပြေးလာတာလည်း နင့်ကိုဝင်တိုက်မိတော့အခုငါ့ခြေထောက် ဟင်"

ဟုတ်တယ်လေ လိမ္မော်သီးတွေပြန့်ကျဲနေကာ အဲ့လိမ္မော်သီးတွေကို လိုက်ကောက်နေတယ့်သူက ဦးထုပ်လည်းခေါင်းငိုက်စိုက်ဆောင်းထားသေးသည်။
သာတို့ခြံက လိမ္မော်သီးတွေကိုအလုံးလိုက်ဘယ်တော့မှမရောင်းပေ။လက်ကားဖြန့်ပြီးပဲရောင်းစေသည်။ဒါ့ကြောင့်ဝယ်လာတာတော့မဖြစ်နိုင်။

"နင် နင် လိမ္မော်သီးသူခိုး "

သာအဲ့လိုပြောလိုက်တော့သူကသာ့ကိုတချက်စောင်းကြည့်သည်။ပြီးတော့ ပြုံးပြလိုက်သေးသည်။တကယ်အမြင်ကပ်စရာပါ။သွားပေါ်တယ့်ထိပြုံးပြတာကတခြားသူမဟုတ်ဘဲလိမ္မော်သီးသူခိုးတယ့်။ပြုံးပြပြီးသူက ဆလံပြကာပြေးတော့သည်။
သာလည်း အဲ့ချိန်မှာ ခြေထောက်နာတာတွေမရှိတော့ပဲ ခံပြင်းပြီးအဲ့သူခိုးကိုမိချင်စိတ်ပဲရှိတော့တာမို့

A mysterious love story (Completed)Where stories live. Discover now