66.EnD

4.2K 61 12
                                    

သာ့အသက် ၅၀မှာ ဘုန်းဆုံးပါးခဲ့သည်။ သားကအိမ်ထောင်ကျသွားပြီးသမီးကတော့လက်မထပ်ရသေးပါ။ သာတို့မိသားစုပေါ်တာဝန်ကျေလွန်းသောဘုန်းကသာ့ဘဝထဲကထွက်သွားပြန်ပြီ။ ခုဆို သာ့မှာ သားသမီးတွေနဲ့ မြေး၂ယောက်ကလွဲရင်ဘာမှမကျန်တော့ပါ။ လူတိုင်းသာ့ဘဝထဲကထွက်သွားကြပြီဖြစ်သည်။ သူ့နာရေးမှာ သာ့ရင်တခုလုံးနာကျင်ကြေကွဲရသည်။

သာတို့ဆိုးတူကောင်းဖက် အနှစ်၂၀ကျော် ပေါင်းဖက်ခဲ့ကြသည်။ သူငယ်ချင်းဘဝထဲကလည်းဆိုးတူကောင်းဖက်သာ့အားကူညီခဲ့သူ။ သာလေးဖက်နာဖြစ်လို့ကိုက်ခဲလာလျှင် ညဘက်မအိပ်ပဲ သူနှိပ်ပေးတယ့်ညတွေ။ သာကိုယ်ဝန်ဆောင်ကာလတွေမှာ စိတ်အပြောင်းလဲမြန်တတ်သောသာ့အား အချစ်ပိုပေးခဲ့သူ။ သားသမီးတွေရဲ့ ကိုယ်ပိုင်လမ်းကိုဖောက်ပေးခဲ့သူ။ သာ့အားအဆုံးစွန်ထိနားလည်ပေးခဲ့သူ။ အသက်တွေကြီးလာလို့ ဇရာအရ အရင်လိုငယ်ရွယ်မပျိုမျှစ်တော့တာတောင် တခြားစီးပွားရေးရှင်တွေလို အပြင်မှာ Smallမဆွဲပဲ အမြဲအချိန်အတိကျပြန်လာတတ်သူ။ အသက်တွေကြီးလာလည်း သာ့အားချစ်တယ်တဖွဖွပြောတတ်သူ။ သူ့ရဲ့ဆုံးပါးသွားခြင်းက တကယ်ကိုသာ့အား ခြောက်ခြားစေသည်။

သာကရော။ သာကသူ့ကိုဘာတွေလုပ်ပေးခဲ့ပါသလဲ။ မိန်းမတစ်ယောက်လုံးဖြစ်ပြီး ယောက်ျားဖြစ်သူရဲ့ ကျန်းမာရေးဆိုးရွားမှုကိုမတားဆီးနိုင်ခဲ့ပါ။ သာ့လက်ပေါ်မှာပဲ အပြုံးနဲ့ဆုံးပါးသွားရတယ့်သူ့ကြောင့် အဲ့တဒင်္ဂမှာ သာ့နားတွေပင်အူသွားပြီး ကမ္ဘာကြီးပြိုလဲသွားသလိုဖြစ်သွားသည်။ သူသာ့ကိုထားသွားပြန်ပြီ။

"မေမေမိုးရွာနေပြီ လာပါတော့ မေမေပါထပ်ဖြစ်ရင် သမီးတို့ဘယ်လိုလုပ်ရမလဲ အီးဟီး ဖေဖေလည်းပျော်မှာမဟုတ်ပါဘူး "

သမီးငယ်၏ စကားသံကြောင့် သာ့မှာကလေးတွေရှိသေးတယ်ဆိုတယ့် အသိဝင်လာရသည်။

မိုးရေထဲက အုတ်ဂူနက်လေးပေါ်ကပန်းလေးတွေကတော့ စိုရွဲကုန်ပြီ။ ထို့အတူ ...။

________

သာအသက်၆၅နှစ် ။

"မေမေအမြန်ဆုံးသက်သာသွားမှာပါ စိတ်မပူနဲ့နော် အားတင်းထားပါ"

A mysterious love story (Completed)Where stories live. Discover now