32.တိမ်တွေလိုပဲ

827 46 0
                                    

"တော်ပါတော့ ကျွန်မကိုထပ်မလှည့်စားပါနဲ့တော့ ကျွန်မကိုယ့်ဘာသာအေးဆေးပဲနေချင်တယ် ကိုသြရှ မဟုတ်ဘူး သြဇာကောင်း"

သာ့စကားအဆုံး သူအံ့သြသွားရသည်။နောက်တစ်ပါတ်ဆိုဖွင့်ပြောတော့မို့ပေမယ့် အခုအစီစဥ်ကလွဲချော်ပြန်ပြီ။ သာဘယ်လိုထင်လိုက်မယ်မှန်းသူမသိသော်လည်း သူကတော့ အခုသာတော်တော်စိတ်ဆိုးနေပြီဆိုတာသိလိုက်သည်။

"ကျေး ကိုယ်."

"ကျွန်မကိုဘာမှမပြောပါနဲ့တော့ !ကျေးဇူးပြုပြီး "

သူစကားပင်ဆုံးအောင်မပြောလိုက်ရ ကျေးကသူ့ကိုပိတ်အော်ပစ်လိုက်ပေမယ့် နောက်ဆုံးအဆုံးသတ်လေးက တုန်ရင်နေသည်။

"ကျွန်မသွားမယ် ရှင်မလိုက်လာပါနဲ့ လိုက်လာရင် ....."

ဆိုပြီး အကြည့်စူးစူးတချက်ကိုလက်ခံရရှိလိုက်သည်။ ကျောက်စိမ်းတုန်းလေးကတော့ သူ့အနားက တရွေ့ရွေ့ထွက်သွားကာ နည်းနည်းလှမ်းတော့ Taxiတားပြီး ထွက်သွားလေ၏။

ကျေးရယ် ဟုသာ စိတ်ထဲပဲ့တင်ထပ်လျက် ဘာလို့ကိုယ့်ကိုအသိမှတ်မပြု ကိုယ့်အချစ်တွေကိုခါးသီးနေပါလိမ့်။ကိုယ်ဟာ မင်းအတွက် မုန်းစရာလူသားတစ်ဦးလား။ ဆံပင်ကိုတချက်ဖွပြီး ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တိမ်တွေကိုတွေ့ရသည်။

"ကျေးရယ် မင်းက ကိုယ်မမှီနိုင်တယ့် ကောင်းကင် ပေါ်က တိမ်တွေလိုများလား "

သူသက်ပြင်းရှည်တခုကိုချခဲ့မိပါသည်။ သူဟာ အစွဲလန်းကြီးသူတစ်ယောက်ပင်။ငယ်စဥ်ကထဲက သူလိုချင်သည့်အရာ သူချစ်သည့်အရာတွေဆို သူက မရရအောင် ယူချင်ပိုင်ချင်ခဲ့သည်။ပိုင်ဆိုင်ပြီးလျှင်လည်းသူက ဘယ်တော့မှ လွတ်ထွက်ခွင့်မပေးပါ။ ထို့ကြောင့် ငယ်စဥ်က စွန်ပင်မလွှတ်ခဲ့ပါ။ သူကမြတ်နိုးပြီးလျှင် ထိုအရာအား အစွမ်းကုန်ကာကွယ်တတ်သည့်သူမျိုးပင်။ ၁၃နှစ်သားအရွယ်ကစကာ သူနှင်းဆီပင်တစ်ပင်ပျိုးခဲ့သည်။ ထိုအပင်အား သူသာယဥ်ကျေးအား စတင်စိတ်ဝင်စားမိသည့်နေ့ကပျိုးခဲ့တာဖြစ်သည်။

ထိုနေ့က သူများတွေအတွက်ဘာမှမထူးသည့် ကျောင်းပိတ်သည့်စနေနေ့တစ်နေ့ပဲဖြစ်လိမ့်မည်။ဒါပေမယ့် သူကတော့ လူပျိုဝင်ကာစအရွယ်မှာ စိတ်ထဲစတင်လှုပ်ခတ်ခဲ့သောနေ့ဖြစ်သည်။

A mysterious love story (Completed)Where stories live. Discover now