Chapter 15 (Unicode)

Start from the beginning
                                    

“အရင်တခေါက် ငါ့အိမ်မှာ ရေပိုက်ပေါက်တုန်းက မင်းလည်း ငါ့ကို ခေါ်ထားခဲ့တာပဲလေ”

တကယ့်ကိုမှ အခြေအမြစ်ရှိတဲ့ လေသံပါပဲ။ ကူညီခဲ့ဖူးတာအတွက် ယဉ်ယဉ်ကျေးကျေး ပြန်လုပ်ပေးတဲ့သဘောမျိုးပဲ။ ဘာအခွင့်အရေးယူခြင်းမှ ရှိမနေဘူး။

ဝမ်ရိပေါ်ကလည်း ဘာမှမပြောပါဘူး။ “အိုခေ”ဆိုတဲ့စကားတစ်ခွန်းနဲ့အတူ ကားစက်ကိုရပ်လို့ ကားထဲက ထွက်ပြီးတာနဲ့ သူ့ ခရီးဆောင်အိတ်ကို ထုတ်လေတယ်။ ပြီးတာနဲ့ ရှောင်းကျန့်နောက်လိုက်လို့ အဆောက်အဦးထဲကို အတူဝင်လိုက်ကြတယ်။

ဓါတ်လှေကား ရောက်လာတာနဲ့ ဝမ်ရိပေါ်က အရင်ဝင်တယ်။ ရှောင်းကျန့်က အနောက်က လိုက်တယ်။ ၁၀ လွှာကို ရောက်တဲ့အခါမှာ ဓါတ်လှေကား ရပ်သွားတယ်။ တံခါးပွင့်လာတဲ့နောက် လူတစ်ယောက် ဝင်လာတယ်။

“အယ်? ကျန့်ကျန့်?”

ရှောင်းကျန့်ရဲ့ အိမ်နီးချင်း လီကျဲဖြစ်တယ်။ သူမရင်ခွင်ထဲမှာတော့ အိပ်ပျော်နေတဲ့ ကလေးလေး ရှိနေပြီး သူမက ရှောင်းကျန့်ကို မြင်တာနဲ့ နာမည်ကို ခေါ်လိုက်ပြီးတဲ့နောက် သူ့ဘေးက ဝမ်ရိပေါ်ကို တချက်ကြည့်တယ်။

“Ai, လီကျဲ”

ရှောင်းကျန့်က သူမရဲ့ နှုတ်ဆက်မှုကို တုံ့ပြန်လိုက်တယ်။ ပြီးတာနဲ့ ဓါတ်လှေကားထဲ အနောက်ကို ခြေလှမ်း ၂ လှမ်းဆုတ်လို့ နေရာရွှေ့ပေးလိုက်တယ်။ ဝမ်ရိပေါ်ကတော့ တိတ်တိတ်လေးပဲ ခရီးဆောင်အိတ်ကို ဘယ်ဘက်ကနေ ညာဘက်ကို ရွှေ့လို့ ရှောင်းကျန့်အတွက် နေရာဖယ်ပေးလိုက်တယ်။

“မင်း သူငယ်ချင်းလား? မြင်ဖူးသလိုပဲ ငါတို့အရင်က တွေ့ဖူးကြလား?”

လီကျဲက ပြုံးရင်း မေးလိုက်တာဖြစ်တယ်။

“အင်း ဟုတ်တယ်”

ရှောင်းကျန့်က ခေါင်းညိတ်ပြလိုက်တယ်။ ဒီဘက်မှာလည်း ဝမ်ရိပေါ်က လီကျဲကို ပြုံးပြလိုက်တယ်။ ရှောင်းကျန့်က ထပ်မေးလိုက်တယ်။

“ဘယ်က ပြန်လာတာလဲ?”

“အိုး ငါ့ညီမဝမ်းကွဲ တိုက်ခန်းအသစ်ဝယ်ပြီး ပြောင်းလာလို့လေ အောက်ထပ်ဆင်းပြီး သူနဲ့ စကားသွားပြောတာ”

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now