Part 27

11.7K 669 181
                                    

Zawgyi

မီးရောင်တွေ လင်းထိန်နေအောင်ထွန်းထားတဲ့ 
အခန်းကျယ်ကြီးထဲ ဘုန်းရှိန်ဝါရဲ့ အကျဉ်းသားလေးက
စူပုတ်စွာဖြင့် ကုတင်ပေါ်မှာ ထိုင်နေလေသည်...

မနေ့ညက "ကိုယ် အလုပ်များနေလို့ စာကြည့်ခန်းထဲမှာပဲ
ရှိမယ်နော်" လို့ ခြွေသိမ့်သွားတဲ့လူကြောင့်
တစ်ညလုံး သူတစ်ယောက်ထဲအိပ်ခဲ့ရသည်။
မိုးလင်းတဲ့အထိလည်း ရောက်မလာ သေးတာကြောင့်
စိတ်တို့အလိုမကျစွာဖြင့် လိပ်ပြာတစ်ယောက်
အခန်းထဲခေါက်တုန့်ခေါက်ပြန်ထ၍လမ်းလျှောက်နေမိသည်။

သူတစ်ညလုံးလည်း အိပ်မပျော်ဘူး သူ့ကိုဖက်အိပ်မဲ့
ရင်ခွင်ကျယ်ကြီးမရှိလို့လား...သူဘာလို အဲ့လိုအကျင့်ဆိုးကို
ဖျောက်လို့မရတာလည်း...အခုလည်း တစ်ညမမြင်ရတာနဲ့
အရမ်းတွေ့ချင်နေတယ်..အဲ့ဒီ့ ကတိမတည်တဲ့ လူကြီးကို
ဒီလိုပုံစံနဲ့ဆို သခင်နဲ့ အကြာကြီးခွဲရရင်ဘယ်လိုလုပ်မလည်း
သူထွက်ပြေးလာတုန်းကလည်း...သေမလိုလွမ်းနေခဲ့တာ..
ပျော်နေတာတောင် လွတ်လွတ်လပ်လပ် မပျော်နိုင်ဘူး
အခုကြတော့ပိုဆိုးသွားပြီ.....
အဲ့တာဘာလို့လဲ...သူမသိတော့ဘူး မနေ့က ချစ်ခန်းဖွဲ့ရင်း
သခင်ကသူ့ကို ချစ်တယ်လို့ပြောလိုက်လို့များလား....
ဒါမှမဟုတ်...သခင်က သူအရမ်းတောင့်တခဲ့တဲ့ကြင်နာမှုတွေ
ပေးလို့များလား....

အဲ့လိုကြတော့လည်း သခင်ကသူနဲ့စတွေ့တုန်းကလိုလေးပဲ
အဲ့လို့စဉ်းစားလိုက်တော့ သူ့ပါးပြင်တစ်ခုလုံးနွေးတတ်သွားပြီ
ရင်ဘတ်ထဲကလည်း တဒိန်းဒိန်းနဲ့...
တကယ်ပါပဲ သူဘာဖြစ်နေမှန်းမသိတော့ဘူးအဲ့လူကြီးကြောင့်

"မသိတော့ဘူး...ရှက်တယ်..."

ထူပူလာတဲ့မျက်နှာကိုလက်ထဲအပ်ရင်း လောကကြီးကို
ပုန်းလိုက်သည်...။

"လိပ်ပြာလေး...သား...နေမကောင်းလို့လား..."

"အမလေး...ကိုကို...!!"

ပုခုံးတစ်ဖတ်ကို လာပုတ်တဲ့ လက်ကြောင့် လူကလန့်ဖြန့်သွား
ပြီး အနောက်ကိုဆုတ်လိုက်သည်...။

"အန်....အန်တီနု"

"လိပ်ပြာလေး....ဘာလို့အဲ့လိုယောင်လိုက်တာလဲ....
အန်တီ နုက ကိစ္စမရှိပေမဲ့  ဘုန်းလေး ကြားရင်
ပြသာနာတတ်သွားလိမ့်မယ်...."

You've reached the end of published parts.

⏰ Last updated: Aug 06, 2020 ⏰

Add this story to your Library to get notified about new parts!

Butterfly StoryWhere stories live. Discover now