Part 23

9.7K 674 77
                                    

Zawgyi

နေ့လည်က ရာပြည့်က သူ့ရဲ့နှစ်ချုပ်စရင်းတွေကို
ကူစစ်ပေးခဲ့ပြီး မုန့်ဝယ်ကြွေးဖို့တောင်းဆိုတာကြောင့်
လိပ်ပြာ နဲ့အတူတူ နေ့လည်စာမစားတော့ပဲ
ထို့ကောင်လေးနှင့်သာ အတူတူစားလိုက်သည်။
အင်း.....သူ့ အသဲညှာလေးက သူ့ကိုစိတ်ဆိုးနေပြီထင်တယ်

အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ ကုတင်ပေါ်မှာ
နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့
ဖြူလုံးလုံးကောင်လေးက သူ့ရင်ကို အေးချမ်းသွားတာပဲ

စားပွဲပေါ်က ထမင်းဟင်းခွက်တွေကတော့ မှုလအတိုင်း
အရာမယွင်း သေးတာကြောင့် သက်ပြင်းငွေ့ငွေ့ချလိုက်ပြီး
အိပ်ယာပေါ်မှာ အိပ်ပျော်နေတဲ့ သူ့ရဲ့အသက်ကလေးရဲ့
မို့တက်နေတဲ့ မျက်ခွံဖောင်းဖောင်းလေးကို
သူ့နှုတ်ခမ်းတွေနဲ့ဖိကပ်နမ်းရှုံလိုက်သည်။
*လိပ်ပြာ ငိုထားတာလား...*
နီရဲတွတ်နေသည့် နှာခေါင်းလုံးလေးနဲ့ တစ်ချက်တစ်ချက်
ရှိုက်သံလေးက ဘယ်လောက်တောင် ဝမ်းနည်းနေလဲ
မသိဘူး....

"ဘာတွေ ဝမ်းနည်းနေတာလည်း လိပ်ပြာရယ်...
ကိုယ့်ဆီမှာ နေသားမကျသေးဘူးလား.....ဟင်
ကိုယ့်ကို အရမ်းမုန်းနေပြီလား....ဟက်....
အတိုင်းတာတစ်ခုထိပါပဲ...ကောင်လေးရယ်....
ကိုယ် မင်းကိုတရားဝင်ပိုင်ဆိုင်ရဖို့....အမြဲတမ်းကြိုးစား
နေခဲ့တာ....ကိုယ်တစ်ဘဝလုံး မင်းကို မင်းမိဘတွေ
ရှာတွေ့သွားမှာကို အမြဲစိုးရိမ်ထိပ်လန့်နေခဲ့တာ...
ကိုယ်ကဆိုးတယ်မလား...ဟင်...ကိုယ်က မင်းကို
ပိုင်ဆိုင်ချင်တာကို...."

ဘုန်းရှိန်ဝါက လိပ်ပြာငယ်လေးရဲ့ ဂုတ်အထိ ဝဲကျနေတဲ့
ဆံနွယ်ပျော့ပျော့လေးတွေကို လက်နဲ့ ထိုးဖွရင်း
တီးတိုးစွာ ပြောလိုက်သည်....
သူ့ရဲ့အသံတွေက အက်ကွဲနေပြီး မျက်ဝန်းတို့က
နာကျင်နေသည့် အတိုင်းရဲဆွေးနေခဲ့သည်...။
ဒီကောင်က မင်းကို ငုံထားမတက်ချစ်တာမို့....
ထပ်ပြီး အနားကထွက်သွားဖို့
မစဉ်းစားထားတာကောင်းမယ် လိပ်ပြာငယ်...
မဟုတ်ရင် ကိုယ် ဘာတွေ လုပ်မိမလဲ မသိဘူး....

"အင်း...ပူတယ်...အွန်း..."

အိပ်နေရင်း ပူလို့ထင်ပါ့...သူအသဲညှာလေးက
လူးလွင့်ကာ ရုန်းလာသည်....။
မန္တလေးနွေရဲ့ရက်စက်စွာပူတဲ့ ဒဏ်ကို
အဲယာကွန်းရဲ့ လေစိမ့်အေးအေးလေးကလည်း
မကယ်နိုင်...ချွေးစက်လေးတွေ အနည်းငယ်ထွက်နေသည့်
ကောင်လေးရဲ့ မျက်နှာလေးကို
သူ့လက်နဲ့ယုယစွာသုတ်ပေးလိုက်ပြီး
လေအေးတွေကို အမြင့်ဆုံးတင်လိုက်သည်....။

Butterfly StoryWhere stories live. Discover now