Part 15

12.1K 737 26
                                    

Zawgyi

မိုးမခ အိမ်ြကီးရဲ့ ကားစင်ဝင်အောက်သို့ ကား
ရပ်လိုက်သည်နှင့်ကားပေါ်မှာ ပေကပ်ခါငိုကြွေးနေသည့်
လိပ်ပြာလေးအာ အတင်းဆွဲချလိုက်သည်...။

"အီး ဟီး....ဟင့်အင်း ကျွန်တော်ဒီမှာမနေချင်ဘူး အင့် အင့်"

"တောက်....မင်းငါ့ကို အာခံတာများနေပြီနော် လိပ်ပြာ"

"ကျွန်တော့်ကို လွှတ်ပေးပါ သခင်ရယ်...ကျွန်တော့်ကို
သနားပါဦး....."

"ဟာကွာ...."

"ဖြောင်း...."

"ငါ့ကို လွှတ်ပေးပါလို့နောက်မပြောမိစေနဲ့....
ငါ့အနားက ထွက်သွားဖို့လဲ မစဉ်းစားနဲ့..."

အားပြင်းလွန်းတဲ့သခင့်ရဲ့ရိုက်ချက်ကြောင့် သူမှုးမိုက်သွားရပြီး
အမြင်အာရုံတွေပါထွေပြားကုန်သည်.....
ထို့နောက် သူ့ကို သခင် က ကားထဲကနေပွေ့ချီလိုက်ပြီး
သူမနေချင်သော ထို့လှောင်အိမ်ဆီသို့ ခြေလှမ်းတွေကို
ဦးတည်နေသည် ။

"အင့်....."

အိစက်နေသည့် ကုတင်ထက်အင့်ကနည်းနေအောင်
ပြစ်တင်ခံလိုက်ရတာကြောင့် သူ
သခင်ကိုလှမ်းကြည့်လိုက်သည်.....
နီညိုရောင် shirt လက်ရှည်ကို လက်ခေါက်တင်ထားပြီး
ရင်ဘက်ဟကွဲနှင့် သခင်က အရမ်းကြည့်ကောင်းနေတာ
ကြောင့် သူငေးမိသွားသည်......

"ဟက်....ကိုယ့်ကို ဘာလို့အဲ့လောက်
်ကြည့်နေတာလဲ လိပ်ပြာ"

သူ့ကို ခပ်ထေ့ထေ့ကြည့်ကာ မေးနေတဲ့သခင့်ကို
သူမကြည့်နိုင်တော့ပါ....
သူ့ရဲ့မျက်နှာတစ်ခုလုံးလဲ ထူအမ်းသလိုခံစားနေရပြီး
ရင်ဘက်ထဲက တစ်စုံတစ်ခုကလည်း အရမ်း
ခုန်ပေါက်နေသည်။
ပြီးတော့ သခင့်အပေါ် ခံစားချက်တစ်စုံတစ်ခု
ဖြစ်ပေါ်နေသည်...ဒါကို သူမသိချင်ပါ....

ကျန်ရှိနေသေးသော ကြယ်သီးများအားဆက်လက်၍
ဖြုတ်နေသော သခင်က သူ့ကိုစားမတက်ဝါးမတက်
ကြည့်လာတာကြောင့်  သခင်ဘယ်ခြေလှမ်းလှမ်းနေပြီ
ဆိုတာသူ ရိပ်မိလာသည်.....
ခုနက သူ သခင့်ကို ငေးနေမိတာကြောင့် ရောက်ရှိနေသည့်
နေရာကို သတိမထားမိတာပဲ သူအသိဝင်သွားတော့မှ
သူဟာရှုန်းထွက်ဖို့ခက်တဲ့ နွံထဲနစ်မိနေလေသည်

Butterfly StoryTempat cerita menjadi hidup. Temukan sekarang