Part 13

12.8K 661 58
                                    

Zawgyi

"သွေး သွေးစက်..."

မဖြစ်ဘူး ဒါသူ့ညီလေး အဖေတူအမေကွဲဆိုပေမဲ့
သူ ငယ်ငယ်လေးကတည်းက
ဒီညီလေးကိုတုန်နေအောင်ချစ်ခဲ့တာ.....
သူ့အပေါ်အမြဲ ဆိုးနွဲ့တတ်တဲ့ကလေးက
ကိုဘုန်းအပေါ် အမှားလုပ်မိသွားတာနဲ့
ဒီလောက်ထိခံ ရမှာလား.....
.....ဟင့်အင်း သူ ဒါကိုမလုပ်နိုင်ဘူး....
.......သူ့ညီလေး ဘဝကို သူမဖျက်ဆီးနိုင်ဘူး......

အောက်ပိုင်းက တင်းမာမှုဒဏ်ကို သူခံစားနေရပြီး
မျက်စိရှေ့က သွေးစက်ရဲ့ အလှကြောင့်လည်း သူ့စိတ်တို့
ထိမ်းချုပ်ဖို့ ခဲယင်းနေသည်.....
နဖူးကြောတို့ ထောင်ကာ လက်သီးကို
ကျစ်ကျစ်ပါအောင်ဆုတ်ရင်း ဘေးနံရံကို အားပြု၍
သူ တံခါးဆီရောက်အောင်သွားလိုက်သည်....

"ဒုန်း ဒုန်း ဒုန်း"

"ဖွင့် စမ်း...အင်း...ဖွင့် လို့..."

စကားလုံး တစ်လုံးချင်စီတိုင်းကို သူမနည်းပြောယူကာ
တံခါးကို အားကုန်အောင် ထုလည်းပဲ
ပြန်လည်ဖြေကြားချင်းမရှိသော အပြင်ဘက်ကြောင့်
ကျွန်းတံခါးကြီးက သူ့အား လှောင်ပြောင်နေသည်....

ထို့စဉ်း....ညည်းညူသံသဲ့သဲ့လေး သူကြားလိုက်ရတာကြောင့်
အနောက်ကိုလှည့်ကြည့်မိတော့
သူ့ကို ကြောင်အစွာကြည့်နေသော အဝတ်ဗလာနှင့်
နတ်သူငယ်လေး.......

သွေးစက် pov...

သူနဲ့ဇွဲသစ္စာတို့ လိပ်ပြာကို အောင်မြင်စွာကယ်ထုပ်ခဲ့ပြီး
နန်းနှင်းနွေတို့ကား အနောက်ကနေ လိုက်ခဲ့သည်...
သိုပေမဲ့ ကျောက်ဆယ် အလွန် ရေဝန်လောက်မှာ
သူ့တို့မောင်းလာသည့် ကားအား ခွေးထက်အနံခံကောင်သည့်
ဘုန်းရှိန်ဝါ တပည့်တွေက မိသွားလေသည်.....

သူတို့ကားထဲမှာ လိပ်ပြာ ပါသည် အထင်နှင့်
စစ်ဆေးကြသော်လည်း လိပ်ပြာအားမတွေ့တော့
သူတို့နှစ်ယောက်လုံး ပုဝါနှင့်အုပ်တာခံလိုက်ရသည်။
ထို့နောက်သူ ဘာကိုမှမသိတော့.....

တစ်ခုခုကိုထုရိုက်နေသည့်အသံများက သူ့နားထဲမှာ
ဆူညံ့နေပြီး အသိအာရုံတို့ပြန်ကပ်စွာ
မျက်လုံးအစုံကို ဖွင့်လိုက်တော့
သူကိုယ်ပေါ်မှာ အဝတ်အစားတို့ကင်းမဲ့နေပြီး
နီကျင်ကျင် အရောင်ဖျော့ဖျော့နှင့် အိပ်ခန်းက
သူ့ကိုဆီးကြိုနေသည်။

Butterfly StoryWhere stories live. Discover now