Part 22

7.7K 659 134
                                    

Zawgyi

တစ်ပတ်လုံးလုံး ဘုန်းရှိန်ဝါက လိပ်ပြာနားပဲ
ကပ်နေခဲ့တာကြောင့် မင်းခန့်နဲ့လွှဲထားသည့်
အလုပ်တွေအကုန်လုံးကို သူအချောပြန်သက်နေရသည်။
မင်းခန့်က အပြစ်ကြီးကြီး လုပ်ထားသူဆိုပေမဲ့
သူ့အတွက်သစ္စာအရှိဆုံးနဲ့တာဝန်ကျေပွန်လွန်းသည့်
လူတစ်ယောက်ဖြစ်တာကြောင့် မင်းခန့်ကသူ့အတွက်
လက်လွှတ်လို့မဖြစ်သည့် လူတစ်ဦးပင်.....

သူ့အသက် 19 နှစ်လောက်ကတည်းက မန္တလေးမှာ
စီးပွားရေးနဲ့ပတ်သတ်ပြီး လေ့လာဖြစ်တုန်းက
ယုံကြည်မှုကို အလွဲသုံးစားလုပ် အမြတ်ငွေကိုခိုးထုတ်
ရှယ်ယာတွေကို လိမ်လည်ဖို့ကြိုးစားနေသည့်
မန်နေဂျာ က သူ့ကိုလုပ်ကြံဖူးသည်။
အဲ့တုန်းက သူ့နဲ့မင်းခန့်ကိုအမှတ်မှားပြီး
လုပ်ကြံခဲ့တာကြောင့် မင်းခန့်ကသေလုမြောပါးဖြစ်ဖူးခဲ့သည်
အဲ့တုန်းက သူမှတ်မိသေးတယ် မင်းခန့်ကို
မီးတွေလောင်နေသည့် ဂိုထောင်ထဲကနေ
သူမရရအောင်ကယ်ထုတ်ခဲ့တာ....
အဲ့အချိန်ကတည်းက မင်းခန့်က သူ့အနားမှာပဲ
နေပေးခဲ့ပြီး တာဝန်ကျေပေးခဲ့သည်...
ထို့အချိန်ကတည်းက အနေအေးပြီး သစ္စာရှိတဲ့
လူယုံကို သူလက်သတ်မွေးခဲ့သည်။
ဒါပေမဲ့ သူ့အပေါ်သစ္စာဖောက်ခဲ့ရင်တော့
သတ်လိုက်ဖို့လည်း ဝန်မလေးပေ....
ဒါတောင် သွေးစက်နဲ့ကိစ္စက သူအများကြီးညှင်သာပေးခဲ့တာ

"ဖယ်ဗျာ...ကျွန်တော် တွေ့ရမှဖြစ်မှာ ဖယ်..."

"မရဘူးလို့ငါပြောနေတယ်လေ...မင်း..."

တခါးအပြင်က ဗလုံးပထွေးအသံတွေကြောင့်
သူမြေအောက်ခန်းဝင်ပေါက် ဗီရိုတံခါးကို
သော့အမြန်ခတ်လိုက်ပြီး...
အပြင်ကိုထွက်လာလိုက်သည်။

"အဲ့တာ ဘာဖြစ်နေကြတာလဲ"

သူအပြင်ထွက်လာလိုက်တော့ တံခါးရှေ့မှာ
သတ်ပုတ်နေကြသည့် အောင်ထက်နဲ့သူကြည့်မရတဲ့
ကောင်လေး...

"အကို့ ဘာလို့ ကုမ္ပဏီကိုမလာတာလဲ...".

သူအောင်ထက်ကိုသွားတော့လို့မေးဆက်ပြလိုက်ပြီး
ဧည့်ခန်းထဲကို ဆင်းလာလိုက်သည်။
တော်ကြာ သူ့အသဲညှာလေးက စကားသံတွေကြားပြီး
လှမ်းအော်နေမှဖြင့်....

Butterfly StoryWhere stories live. Discover now