Part 3🔞🔞🔞

24.1K 834 15
                                    

Zawgyi

သဲထန်စွာ ရွာထားသော မိုးသည်...ယခုတွင်တော့
သူမဟုတ်သလို ငြိမ်သက်နေသည်....
တိမ်သားများကင်းစင်သော ကောင်းကင်ကြီးမှာလည်း
ကြယ်ရောင်များက ဖြိုးဖြိုးဖျက်ဖျက် လင်းလက်နေပြီး.....
လရဲ့ အလင်းရောင် ဟာလည်း ထောပတ်ခြံကြီး
တစ်ခုလုံးပေါ်သို့ဖြာကြနေသည်.....

ထောပတ်စိုက်ခင်းကြီး၏အနောက်ဘက် စိုက်ခင်းများကြား
တွင်တော့ လိမ္မော်ရောင်
အင်္ကျီတောက်တောက်နဲ့ကောင်လေး တစ်ယောက်သည်
ဒူးလေးနှစ်ဖက်ကိုပိုက်ပြီး ထိုင်နေသည်....
ဖြူစွပ်လှတဲ့ အသားအရေလေးက လရောင်၏ပံ့ပိုးမှုကြောင့်
ထင်ထင်ရှားရှားဖြစ်နေပြီး မြင်ရသူအတွက်
နှစ်ခါပြန် ငေးမောစေမည့် ပန်းချီတစ်ချပ်လိုပင်....
အဲ့ဒီ့ပန်းချီကားလေးလို လူသားကို ဘယ်သူ့မှမမြင်အောင်
သူတစ်ယောက်ထဲ အပိုင်သိမ်းထားချင်ပါသည်....

"မင်းတို့အကုန်သွားလို့ရပြီ...ငါမခေါ်မခြင်း
ဘယ်သူ့မှ ခြံထဲဝင်မလာနဲ့..."

"စိတ်ချ ကိုဘုန်း...."

"အာ...ခဏ မင်းတို့ထဲမှာ ဘယ်သူ condom ပါလဲ"

"ကျွန်တော်မှာပါတယ်.!!!." (ပြိုင်တူဖြေ)

"ရပြီ တစ်ယောက်ပဲပေး...သွားကြတော့.."

အားလုံးရဲ့မျက်နှာများသည် ပြုံးစိစိ နှင့် အလျိုလျို ထွက်သွား
ကြသည်.....
ကိုကိုယ်တိုင် လည်းပဲ လိပ်ပြာကို တွေ့ပြီဆိုတော့...
ရင်အေးသွားရပေမဲ့လည်း...ဒီကောင်လေးနောက်တစ်
ခါထပ်ထွက်မပြေးဖို့ အပြစ်ပေးရလိမ့်မည်...
....ကိုယ့်ရဲ့ ပြစ်ဒဏ်ကမင်းကိုအမှတ်ရနေစေမှာပါ လိပ်ပြာ....

ဆူညံ့သံများ တိတ်ဆိတ်သွားပြီးနောက်....
ကားများ မောင်းထွက်သွားသော အသံများကိုလည်း
ကြားလိုက်ရသည်....သူ သခင့်လက်ကတစ်ကယ်
လွှတ်ပြီထင်ပါရဲ့.....

....ကိုဇွဲ ရော အဆင်ပြေရဲ့လားမသိဘူး...
တော်တော်နဲ့ လာမခေါ်သေးတဲ့ကိုဇွဲကြောင့် အိမ်ထဲဝင်ဖို့
ဆုံးဖြတ်လိုက်ပြီး....မတ်တပ်ရပ်လိုက်သည်

အားလုံးပြန်သွားပြီလား သေချာစေရန် ချောင်းကြည့်နေတုန်း
အနောက်ကနေ ဆွဲဖက်ခြင်းကိုခံလိုက်ရပြီး.....
ချွေးနံနဲ့ရောနေတဲ့ ယောကျာ်းဆန်ဆန် အနံ့ကြောင့်...
သူထင်သလိုမဖြစ်ပါစေနဲ့လို့ဆုတောင်းရင်း...လှည့်ကြည့်လိုက်သည်.....

Butterfly StoryWhere stories live. Discover now