Part 8

13.1K 699 13
                                    

Zawgyi

လွန်ခဲ့သော 7နှစ်......
ဘုန်းရှိန်ဝါအသက် 19
လိပ်ပြာ အသက်    12

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်;
ရွှေတောင်ကြား (၂)ရပ်ကွက်တွင်ရှိသော
နန်းတော်ကြီးသဖွယ် တင့်တယ်သော
နှစ်ထပ်မြင့်အဆောက်အဦးကြီးထဲသို့
Mercedes_Banz G65ကား တစ်စီးဝင်လာသည်...
ကားပေါ်ကဆင်းလာသူကတော့
ဦးဘုန်းကမ္ဘာ၏သား ဘုန်းရှိန်ဝါဖြစ်သည်။

"လိပ်ပြာ....."

"သားရယ် မေမေတို့ကိုလည်း အရင်သတိရပါဦး..."

သနပ်ခါး ပါးပါးလေးဖြင့်လှနေသော
မေမေက သူ့ကို အပြုံးလေးနဲ့စီးကြိုသော်လည်း
လိပ်ပြာကိုမတွေ့ရမခြင်းသူ့မှာရင်မအေးနိုင်....

"လိပ်ပြာရော မေမေ"

"အပေါ်ထပ်မှာ ဆော့လို့ဝသွားလို့အိပ်နေတယ်..."

မေမေရဲ့အပြောကြောင့်သူမျက်မှောင်ကြုံလိုက်သည်

"ဘယ်သူနဲ့လဲ..."

"အော်...အင်း...သူ သူ တစ်ယောက်ထဲကစားနေတာရယ်..."

"ကောင်းပါပြီ...သားသူ့ဆီသွားဦးမယ်"

"အော် အေးအေး..."

အပေါ်ထပ်တက်သွားသော သားကိုကြည့်ရင်းသူမ
သက်ပြင်းချလိုက်သည်....
သားကလိပ်ပြာနဲ့ပတ်သတ်ရင် အရမ်းအတ္တကြီးလွန်းတယ်
.
.
.
.
ခုနက သူတို့အိမ်ဘေးက မိုးစက်က လိပ်ပြာနဲ့
အတူလာဆော့ပေးတာကြောင့်
ရွယ်တူကစားဖော်မရှိသော လိပ်ပြာလေးမှာ အပျော်ကြီး
ပျော်နေရသည်....

ငယ်ငယ်က သခင် နဲ့အတူဆော့ရသော်လည်း
ကြီးလာတော့ သခင့်ရဲ့ပညာရေးကြောင့်
သူ့မှာကစားဖော်ထပ်မရှိခဲ့ .....
12 နှစ်သာသာ ကလေးအရွယ်ဖြစ်တာကြောင့်
သူနဲ့အတူ ဆော့ပေးမည့်ကစားဖော် မရှိတာကြောင့်
သခင့်ရဲ့မေမေ အန်တီလှိုင် ကတခြားကလေးတွေနဲ့
ပေးဆော့ခဲ့သော်လည်း သခင်က
သောင်းကျန်းသောင်းကြောင့်
နောက်ထပ်ဘယ်သူ့နဲ့မှ သူ ဆော့ခွင့်မရခဲ့...
နောက်ပြီး....သခင်က သူ့ကိုခါးပတ်နဲ့ရိုက်ပြီးအပြစ်ပေးတာကို
လည်းသူအမြဲခံရတယ်လေ......

"ဒေါက် ဒေါက်..ဒေါက်"

အတွေးလွန်နေတုန်း ကြားရတဲ့ တံခါးခေါက်သံကြောင့်
သူအိပ်ယာပေါ်အမြန်တက်ရင်း
အိပ်ချင်ယောင်ဆောင်လိုက်သည်.....။

Butterfly StoryWhere stories live. Discover now