Part 14

13.2K 700 83
                                    

Zawgyi

ကိုက်ခဲနေသော မျက်ရိုးကိုဖိကိုင်ရင်း
နီညိုရောင် sofa ပေါ်သူထိုင်လိုက်သည်။
လိပ်ပြာ ထွက်ပြေးသွားသည့် နေ့ကစပြီး
သူမအိပ်ရသေးသလို တစ်ကိုယ်ရေတစ်ကာယ
သန့်စင်တာလည်း သူမလုပ်ဖြစ်သေးဘဲ
လိပ်ပြာကိုသာ သွေးရူးသွေးတန်းရှာနေခဲ့ပြီး
စိတ်နဲ့ကိုနဲ့မကပ် ဖြစ်နေတော့သည်....

"ဆိုးလိုက်တာ လိပ်ပြာရယ်"

ထို့စကားကို သူဆိုမိတော့ တောက်ကနည်းကျသွားသည့်
မျက်ရည်တွေ.....
သူငိုမိနေတာပဲ လိပ်ပြာအဆိုးလေးကြောင့်
သူ သေလောက်အောင်တပ်မက်ခဲ့တဲ့ကောင်ဆိုးလေးကြောင့်
သူ ရူးလောက်အောင် ချစ်နေတဲ့ ကောင်ဆိုးလေးကြောင့်

လက်နှစ်ဖက်နဲ့မျက်နှာကိုအုပ်ကာ....
သူ့လိပ်ပြာလေးက အရမ်းဆိုးကြောင်းကိုရေရွတ်နေမိသည်..

"ဒေါက် ဒေါက် ဒေါက်....."

"ကိုဘုန်း လိပ်ပြာရှိတဲ့နေရာကိုသိရပြီ...."

သူ ကြိုတင်ခန်းမှန်းထားတဲ့အခြေအနေဆိုပေမဲ့
တစ်ကယ်တည်းကျ စိတ်လှုပ်ရှားမိပါသည်....
ဟိုကောင်လေးက သူ့သူငယ်ချင်းကိုရွေးမယ်ဆိုတာ
သူသိနေတယ်လေ....
နောက်ပြီး ဇွဲသစ္စာ က မင်းခန့်အပေါ်
မစွပ်ခင်ကတည်းကညွတ်ချင်နေသည့်
သွေးစက်အကြောင်းကိုလည်း သိနေမယ်ထင်တယ်....
ဒါကြောင့်လည်း TV Scan ပေါ်က အပြာရိုက်ကွင်းနဲ့
ချိန်းခြောက်ခဲ့တာကိုတောင် လိပ်ပြာအကြောင်းမဟခဲ့တာပေါ့
ရလဒ်က မင်းခန့်နဲ့သွေးစက် ညားဖို့ပဲရှိတာပေါ့....

"ဟက်....."

"လိပ်ပြာ ကိုသွားခေါ်ဖို့ ကားအဆင်သင့်ပြင်ထား
ငါရေသွားချိုးလိုက်ဦးမယ်......"

"ဟို.....ကို ဘုန်း "

"ဘာလဲပြော...."

"မင်းခန့်နဲ့ သူညီလေး...."

ညီအကိုနှစ်ယောက် ဇတ်လမ်းအား ကြည့်လိုက်ရသော
အောက်ထက် က စိတ်မကောင်းဖြစ်နေသည့်ဟန်နဲ့
အသံတို့ တိမ်ဝင်သွားသည်...

"သူတို့နှစ်ယောက်လုံး ဘာသွေးသားမှမတော်စပ်ဘူး "

"ဗျာ....တစ် တစ် ကယ်နော် ကိုဘုန်း"

Butterfly StoryWhere stories live. Discover now