Part 5

15.2K 757 2
                                    

Zawgyi

ဖန်ဘူးလေးထဲက လရောင်ဆိုတဲ့ လောကပ် ပါတဲ့
ဆွဲကြိုးလေးကိုကြည့်ရင်း သူစိုးရိမ်နေမိတယ်......
လရောင်ဆိုတဲ့ နာမည်က Moon Light Company
ရဲ့အငယ်ဆုံးသားနာမည်..တနည်း သူ့ရဲ့လိပ်ပြာလေးရဲ့
ဘဝအမှန်....

ဒီအဖြစ်မှန်တွေကနည်းနည်းကြောင်တောင်တောင်နိုင်ပေမဲ့
သူ့ရဲ့လိပ်ပြာလေးကို သူ့အနားမှာထားဖို့အခွင့်အရေး
တစ်ခုဖြစ်နေတယ်.....

Moon light Company ကြီး စတည်ထောင်
တုန်းက လိပ်ပြာကိုမွေးတဲ့အချိန်ဖြစ်ပြီး....
အရမ်းအောင်မြင်ခဲ့တာကြောင့် သူတို့ရဲ့
အငယ်ဆုံးလေးကို လရောင်ဆိုပြီး ပေးခဲ့သည်...

ဒါကို အကြီးဆုံးသားဖြစ်တဲ့ လပြည့်က မနာလိုဖြစ်ခဲ့ပြီး
တစ်ချိန်ချိန်သူနေရာမရမှာကြောက်ပြီး...လိပ်ပြာကို
ဘုန်းကြီးကျောင်းရှေ့မှာထားပစ်ခဲ့ခြင်းဖြစ်သည်......

လိပ်ပြာကိုထားခဲ့ပြီး အိမ်အပြန် လမ်းမှာ လပြည့်က
Car accident ဖြစ်တာကြောင့် Coma
ဝင်ခဲ့သည်....

လပြည့်အသဲအသန်ဖြစ်နေတဲ့အချိန်
လိပ်ပြာကို လူလွှတ်ပြီးရှာခိုင်းထားသော်လည်း....
သူတို့ထင်မထားတဲ့ ကျွန်တော့ရင်ခွင်ထဲက ဖန်အိမ်ထဲမှာ
လိပ်ပြာကရှိနေခဲ့တာဖြစ်သည်.....

ဒီအကြောင်းတွေကို အဖေ ကဆုံစမ်းခဲ့ရမှာတစ်ဆင့်
သူသိခဲ့ရပြီး လိပ်ပြာကိုပြန်ပို့ဖို့လုပ်ကြသည်.....

အဲ့တုန်းက အနားမှာရှိတဲ့ သစ်သီးလှီးဓားကို
လက်ပင်းအထက် ရွယ်ရင်း လိပ်ပြာကိုပြန်ပို့လိုက်ရင်
သူသတ်သေမယ်လို့မိဘတွေကိုခြိမ်းခြောက်ခဲ့သည်.....

အဲ့ကတည်းကသူ့ကိုချစ်လွန်းတဲ့ မေမေနဲ့ဖေဖေက
လိပ်ပြာကိုလုံးဝပြန်မပို့ပဲ
ဖွက်ထားဖို့ဆုံးဖြတ်လိုက်ကြသည်.....အခုထိပေါ့....

"လိပ်ပြာ....မင်းနိုးလာရင်ကိုယ်တို့လက်ထက်ကြမယ်"

သတိလစ်နေတဲ့ ချစ်ရသူရဲ့နှုတ်ခမ်းအထက်
အနမ်းတစ်ပွင့်ခြွေရင်း....သူပါဝင်အိပ်လိုက်သည်.....
.
.
.
.
.
.
.
တင်းကျပ်စွာဖက်ထားခြင်းခံရသော ခန္တာကိုယ်ကြောင့်...
ကြိမ်းစက်နေတဲ့မျက်လုံး များကို အားယူပြီးဖွင့်လိုက်သည်...

Butterfly StoryOnde histórias criam vida. Descubra agora