Part 20

12.6K 682 105
                                    

Zawgyi

အိပ်မောကျနေသည့် လိပ်ပြာလေးက
မောပန်းသွားသည့်နယ် ပါးစပ်လေးဟကာ
ဟောက်နေသည်....
သူတို့နှစ်ယောက်လုံးအတူတူနေပြီးသွားတိုင်း
လိပ်ပြာက အမြဲအိပ်ပျော်သွားတတ်သည့်အကျင့်ကြောင့်
သူ ခပ်ဟဟ ရယ်လိုက်သည်....
"ဘယ်လိုတောင် ချစ်ဖို့ကောင်းတဲ့ အကျင့်လေးလဲ"
အင်္ကျီချွတ်လေးနဲ့ထို့ကောင်လေးကို
သေခြာစွာ သန့်စင်ပေး၍ လိပ်ပြာရဲ့
ခြေကျင်းဝတ်မှာ ခတ်ထားသည့် သံကြိုးတွေကို
သူဖြုတ်ပေးလိုက်ပြီး နီရဲနေသည့် ခြေထောက်နုနုလေးကို
သေသေခြာခြာရေပတ်ဝတ်တိုက်ပေးလိုက်သည်။
သွယ်လျှတဲ့ပေါင်တန်လေးတွေနဲ့
သူကို အရူးလိုစွဲလန်းအောင်ပြုစားထားတဲ့ လိပ်ပြာရဲ့
ခြေဖဝါးလေးကို နှုတ်ခမ်းနဲ့ အနမ်းပေးလိုက်တယ်..
ပြီးတော့ ဆောင်ပါးပါးလေးကိုခြုံပေးကာ
ထို့ကောင်လေးရဲ့ ဖောင်းကားနေသည့် ပါးအိအိလေးကို
သူ့နှာခေါင်း နှစ်ဝင်သွားသည်အထိအနမ်းပေးလိုက်တော့
ခန္တာကိုယ်လေးက တစ်ချက်တုန်ယင်သွားသည်။

"ဟက်....ကိုယ့်ကို အိပ်နေရင်းနဲ့တောင်ကြောက်နေပါလား"

ချစ်လွန်းတာကြောင့် လိပ်ပြာကို ထပ်၍သူအနမ်းပေးလိုက်ပြီး
ကုတင်ခြေရင်းမှာပုံကျနေသည့် အဝတ်အစားတွေကို
သူဝတ်လိုက်ကာ အပြင်သို့ထွက်လာလိုက်သည်....
လှေကား နှစ်ထစ်လောက်တက်လိုက်တော့
သူ့အခန်းကိုသွားတဲ့တံခါးဝဆီသို့ရောက်လာပြီး
သူတံခါးဖွင့်လိုက်တော့ ဗီဒိုနားမှာ အန်တီနုက
အဆင်သင့်ရှိနေလေသည်....

"လိပ်ပြာ အိပ်နေတယ်...အန်တီနု....
CCTV တွေပြန်ဖွင့်လိုက်
ပြီးတော့ အဲ့ကနေ ကြည့်နေ သူနိုးလာရင် ကြက်စွပ်ပြုတ်
ပူပူလေးသွားပို့လိုက်ဦး....ပြီးတော့ ဇေသူရနိုင်ဆီက
ဆေးတောင်းသွားလိုက်...."

"အေး အေး လူလေး ဒါဆို အန်တီနု ကြက်စွပ်ပြုတ်သွား
လုပ်လိုက်ဦးမယ်...."

သူ အန်တီနုကို ခေါင်းတစ်ချက်ငြိမ့်ပြပြီး...
စားပွဲပေါ်က အလုပ်တွေကို အပြီးဖြတ်ဖို့စတင်လိုက်တယ်
တစ်ပတ်ကျော်ကျော်လောက်ပြစ်ထားတဲ့ စရင်းတွေနဲ့
ဟော်တယ်စီမံကိန်း project အတွက်
ဒီဇိုင်းတွေကို သူစစ်လိုက်ပြီး Email တွေကို
reply ပြန်လိုက်တယ်...

Butterfly StoryWhere stories live. Discover now