Part 17

11.3K 701 42
                                    

Zawgyi

ဌက်ငယ်တို့အော်မြည်သံမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်လှသော
ပြည်မြို့ရဲ့ သီတာရုံကျောင်းရှေ့တွင် ဝှီးချဲပေါ်မှ
ကျောင်း၏ မုဒ်ဦးအပေါက်ဝကိုစိုက်ကြည့်ကာ
ဝမ်းနည်းရိပ်ဆွေးနေသည့် လူတစ်ဦး...

"သားကြီး  ဒီဘုန်းကြီးကျောင်းလား...."

"ဟုတ်တယ် ...ကျွန်တော့် အစ်
ကျွန်တော့် ညီလေးကို အင့်...ဒီမှာထားခဲ့တာ...."

"ဟုတ်ပါပြီ သားကြီးရယ် မငိုနဲ့တော့နော်
မေမေ တို့အငယ်လေးကို ရှာတွေ့မှာပါ....."

လပြည့်တစ်ယောက် သူ့ညီလေးအပေါ်
ကျူးလွန်ထားတဲ့အပြစ်တို့အတွက်
နှောင်တများစွာရနေပြီး....
သူထားခဲ့သော ထို့နေရာလေးမှာ
မျက်ရည်များဝဲ ကာ "ကိုကို သားကိုအကြာကြီး
စိတ်မဆိုးပါနဲ့နော် " ဆိုသည့် လရောင်လေးအား
သူမြင်ယောင်နေတော့သည်။

"ဆရာတော် ဘုရား လွန်ခဲ့တဲ့ 16 နှစ်လောက်က
ဒီတောရကျောင်းလေးရှေ့မှာ 4 နှစ်သား
ကလေးတစ်ယောက်ကို တွေ့မိပါသလား ဘုရား..."

မြတ်စွာဘုရားရှင်၏သားတော်တစ်ပါးဖြစ်သည့်အလျှောက်
ကြည်လင်ဝင်းပသောမျက်နှာတော်နှင့် အေးချမ်းတည်ကြည်
လှသည့် ကျောင်းတိုင်ဆရာတော်အား ဒေါ်သီတာ
ဖူးမြှော်ရင်း သူမသားငယ်လေးအတွက် မျှော်လင့်ချက်များစွာ
ဖြင့် မေးလိုက်သည်.....

"လွန်ခဲ့တဲ့ 16 နှစ်ကဆိုတော့ ....အတော် ကြာပြီပဲ
အော်....သိပြီ သိပြီ
ကပ္ပိယကြီးခေါ်လာ တဲ့ ကလေးပဲ....
အရင်ကျောင်းတိုင်ဆရာတော်ကြီး
ခေါ်ယူစောင့်ရှောက်ခဲ့တယ်လို့ ကြားမိသေးတယ်
နေပါဦး အဲ့ကလေးနာမည်က....."

"လရောင် အခု အခု ကျွန်တော့်ညီလေး ဘယ်မှာလဲဟင်..."

"လရောင်....ဆရာတော်လည်း အဲ့အကြောင်းကို
သိပ်မသိပေမဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဆုံးသွားတဲ့
ဒကာမကြီး ဒေါ်အုံးခင် ရဲ့ သမီး မိသားစုက
မွေးစားဖို့ ရန်ကုန်ကို ခေါ်သွားတယ်ဆိုတာတော့သိတယ်..."

"ဟင်...ဆရာတော်ဘုရား...အဲ့ဒါဆို
တပည့်တော်မတို့ကို အဲ့မိသားစုရှိတဲ့လိပ်စာကို
သိလို့ရနိုင်မလား ဘုရား...."
ဒေါ်သီတာတစ်ယောက်အသံတို့တုန်ရီစွာဖြင့်မေးလိုက်သည်
.
.
.
.
သူမတို့ ဆရာတော်ဘုရားဆီက ရခဲ့တဲ့လိပ်စာအတိုင်း
ရန်ကုန်သို့ ဦးတည်လိုက်သည်...
ရင်ထဲမှာလဲ သူမသားငယ်လေးအားတွေ့ရတော့မှာ
ဆိုသည့် စိတ်လှုပ်ရှားမှုကလည်းအပြည့်.....

Butterfly StoryWhere stories live. Discover now