Part 19

10.6K 599 21
                                    

Zawgyi

တံခါးပေါက်တစ်ခုထဲသာရှိသော အခန်းထဲ
ဟိုဟိုဒီဒီ လျှောက်နေသော်လည်း
ခြေလှမ်းတိုင်းက အရင်လိုပေါ့ပါးနေသည်မဟုတ်
တချွင်ချွင်နဲ့ မည်နေသော သံကြိုးက
သူ့အကြားအာရုံကိုတစ်ကယ်ပဲအနှောက်အယှက်
ပေးလွန်းနေသည့်အပြင် ဆက်လျှောက်နေဖို့ကလည်း
အလွန်ညောင်းလှတာကြောင့် အနားမှာရှိသည့်
ခုံပေါ်သို့ လိပ်ပြာထိုင်လိုက်သည်...
ကုတင်တစ်လုံးရယ် ဗီဒိုတစ်လုံးရယ် Sofa ဆက်တီရယ်
အပေါ့သွားတဲ့အခန်းနဲ့ ရေချိုးခန်းရယ် ပြီးတော့သူထိုင်နေတဲ့
ခုံရယ်....အာဟုတ်သားပဲ ခုံးဘေးက ကိုယ်လုံးပေါ်မှန်ရယ်
သာရှိသော အခန်းလေးမှာ သူနေနေရသည်။

သူတစ်ခန်းလုံးကို လှည့်ပတ်ကြည့်ရင်း ဘေးက
ကိုယ်လုံးပေါ်မှန်ရှေ့သို့ သူ့မျက်လုံးတွေအရောက်...
နေရောင်ထိတွေ့မှုသိပ်မရှိသော အသားအရည်တို့က
ဖြူဝင်းနေပြီး ခန္တာကိုယ်ပေါ်က သခင့်ရဲ့အဝတ်
တစ်ထည်တည်းသာဝတ်ဆင်ထားသည်...

သူ့ရဲ့ သေးသွယ်နေတဲ့ပေါင်တန်တွေကနေ
မျက်လုံးတွေက ခြေကျင်းဝတ်နားအရောက်မှာတော့
ချည်ထားသည့် သံကြိုးတွေက သူ့ကိုလှောင်ရယ်နေသလိုလို
မှန်ထဲကသူ့ပုံရိပ်က တစ်ကယ့်ကို စိတ်ပျက်ဖို့ကောင်းနေပြီး
အကျဉ်းသားတစ်ယောက်လိုဖြစ်နေသည်....
ဟက်...တစ်ကယ်လည်းအကျဉ်းသားပဲ
ဘုန်းရှိန်ဝါဆိုတဲ့ အတ္တသမားရဲ့ ထာဝရအကျဉ်းသား....

တစ်ကယ်ပဲ သူလွှတ်မြှောက်ချင်တယ်
ဒီလူရဲ့လှောင်အိမ်ထဲက
ဒါပေမဲ့လဲ သူဘာတတ်နိုင်မှာလဲ....

"ဘာတွေ တွေးနေလို့ ကိုယ်ဝင်လာတာတောင်
အာရုံမရှိ ရတာလဲလိပ်ပြာ...."

ခပ်ရှရှ အသံနဲ့ သခင်ကြောင့် သူလန့်သွားရပြီး
အနောက်ကိုလှည့်ကြည့်လိုက်တော့
သခင်က သူ့နားသို့လျှောက်လာသည်
တစ်ချိန်ထဲမှာပဲ သခင်က သူ့ကိုပွေ့ချီလိုက်ပြီး
Sofa ထိုင်ခုံပေါ်မှာ ထိုင်ချကာ
သူ့ကို ရင်ခွင်ထဲထည့်ရင်း ကလေးငယ်လေးများလို
ပွေ့ပိုက်ထားသည်....

"ဟင်...ဘာတွေကများမင်းအတွေးတွေမှာ
နေရာယူထားတာလဲ "

"....."

Butterfly StoryWhere stories live. Discover now