Part 7

13.2K 705 1
                                    

Zawgyi

"ငါ မင်းကို ပျော်ရွှင်စရာကောင်းတဲ့ ကမ္ဘာကြီးကိုလိုက်ပြမယ်"

"အင်း ကျွန်တော်လိုက်ခဲ့မယ်...."

တစ်အောင့်ကြာတော့
စာပွဲထိုးကောင်လေးတစ်ယောက်ဝင်လာသည်...။
ထို့ကောင်လေးဝင်လာတော့ ကိုဇွဲအနား
မသိမသာကပ်သွားရင်း အနက်ရောင် Apronလေးထဲက
Parcel ထုပ်လေးကို ပေးလိုက်ပြီး....
ကျွန်တော့ဘက်လှည့်လာသည်...။

"hi လိပ်ပြာ ငါဇွဲ သူငယ်ချင်းသွေးစက်ပါ
အင်း ပြောရရင် ငါ့အကို မင်းခန့်က
မင်းရဲ့သခင်ရဲ့ ညာလက်ရုန်း....
မင်းကိုကူညီဖူးတဲ့သူလေ"

"ဟိတ်ကောင် မင်းဘိုးအေ အထိပါမိတ်ဆက်မလို့လား...
မြန်မြန် အင်္ကျီလဲ..."

"ဟီး...sorry ငါက သူ့ကိုရှင်းပြတာရယ်...
လာ လာ လိပ်ပြာ..မင်းလဲ အင်္ကျီလဲရမှာ
အပြင်မှာ မင်းသခင်ရဲ့ ခွေးတွေရှိတယ်...မြန်မြန်လုပ်
တော်ကြာမိသွားမှ ဂွိနေဦးမယ်..."

"ကျစ် သွေးစက် ငုံးကောင် သောကြာသားလို့မပြောရဘူး
စကားအရမ်းများတယ်...."

"ဟိ ဟိ ငါ စိတ်လှုပ်ရှားနေလို့ပါကွာ..."

"ကဲလိပ်ပြာ ငါပြောတာနားထောင်
အခုမင်းက ဒီစာပွဲထိုးအင်္ကျီကိုဝတ်ပြီး
hotel ရဲ့နောက်ဘက်ကိုသွား...
အဲ့မှာ မင်းကို နှင်းနွေ ဆိုတဲ့အမစောင့်နေလိမ့်မယ်
မင်းသူ့ကိုရှာစရာမလိုဘူး သူမင်းကိုလာခေါ်လိမ့်မယ်
ပြီးရင်ငါတို့အနောက်ကလိုက်ခဲ့မယ်
ဇွဲသစ္စာ က မင်းတို့ကားအနောက်မှာပါတယ်
ပြီးတော့ ဒီမှာ....ဓား..."

၂လက်မရှိတဲ့ ခေါက်ဓားလေးကို
လိပ်ပြာ လက်ထဲထည့်ပေးတော့
နားမလည်သလိုပြန်ကြည့်လာသည်။

"ဒါက မင်းနည်းနည်းတော့ စွန့်စားရလိမ့်မယ်...
မင်းရဲ့ ဘယ်ဖက်လက်မောင်းသားထဲမှာ
ခြေရာခံအပြားလေးမြုပ်ထားတယ်
အဲ့တာကို ခွဲထုတ်လိုက်...."

"ဘာ...!!"

"ဟုတ်တယ်ဇွဲ ငါကိုခန့်ဆီကကြားလာတာ...
အဲ့တာကြောင့် သူအရင်တစ်ခေါက်ကပြန်မိသွားတာပေါ့
ကဲကဲ ငါတို့မှာ နောက်ထပ် အချိန် 15 မိနစ်ပဲရတယ်
အမြန်လုပ်...."

အဲ့တာကြောင့်သူ့ကို ကိုခန့်က
သခင်ပြန်ရှာတွေ့လိမ့်မယ်လို့ အပိုင်ပြောပြီး
ကျွန်တော် ရှုံးမှာသေခြာတဲ့ကစားပွဲကိုကစားခဲ့တာကို
ဟက်...အတ္တကြီးလိုက်တာ သခင်ရယ်....
ဒီတစ်ခါတော့ ကျွန်တော်တစ်ကယ်လွှတ်မြှောက်တော့မှာပါ..

Butterfly StoryWhere stories live. Discover now