Some People said this is ending, but I know this is our starting.

6.2K 401 73
                                    

Zawgyi

Right time, Right person တဲ့။ သူမအတွက် ကံကောင်းခြင်းတွေရောက်လာဖို့ အချိန်ကြာကြာစောင့်နေခဲ့ရပြီး ရှိုင်းအတွက် အချစ်ကို ရရှိဖို့ ဆယ်စုနှစ်တစ်ခုကျော်ကျော်စောင့်မျှော်နေခဲ့ရတယ်။

ခပ်ဖြည်းဖြည်းချင်းဒီအချစ်ခရီးကို လှမ်းလျှောက်ခဲ့ပေမဲ့ တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်လိုက်ရပြီဆိုတဲ့ အသိအပြင် တစ်ခါတစ်လေ လက်လွှတ်ဆုံးရှူံးမှာ ကြောက်နေဆဲပါဘဲ။ ထိုအချိန်တွေဆို သူမလက်ကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ထားတဲ့ လက်တစ်စုံရှိနေခဲ့တယ်။ နွေးထွေးမှုတွေရောစွက်နေတဲ့မျက်ဝန်းတစ်စုံနဲ့ အပြုံးဖွဖွလေးဟာ သူမကို အရာရာရင်ဆိုင်နိုင်ဖို့ ခွန်အားပေးနိုင်ခဲ့တယ်။

မိုးသံတွေဆူညံတဲ့ညတွေကို မကြောက်တော့သလို။ ညည်းသံနဲ့တူတဲ့လေတိုးသံတွေကလဲ သူမအိမ်မက်ထဲထိ လိုက်မနှောက်ယှက်တော့ဘူး။ သူမဆုံးရှုံးခဲ့ဖူးတဲ့ မိဘပိုင်အိမ်လေးကို ဂျီအမ်ဆီက အရစ်ကျစနစ်နဲ့​ ငွေချေးယူပြီး ပြန်ဝယ်နိုင်ခဲ့သလို။ အေးစက်စက် အားလပ်ရက်တွေမှာလဲ သူမဘေးမှာ တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတဲ့ အသိနဲ့ လှပနေခဲ့တယ်။

သူမဘေးမှာ ယခုရှိနေပြီးဖြစ်တဲ့ ထိုယောကျာ်းက ချစ်ခြင်းမေတ္တာကို လုပ်ရပ်တွေနဲ့ ပြသနိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူမတို့ အလုပ်လုပ်တဲ့ ဟိုတယ်မှာဘဲ သူမတို့ရဲ့ မဂ်လာပွဲကို ကျင်းပခဲ့တယ်။ ပွဲစီစဉ်သူ မစုစုကြောင့် အလွဲလွဲအမှားမှားဖြစ်ခဲ့ပေမဲ့ အမှတ်တရတွေပြည့်နေတဲ့ နေ့တစ်နေ့ဖြစ်ခဲ့တာတော့အမှန်ပါဘဲ။

ထိုနေ့က သူမရဲ့ uni life တုန်းက သူငယ်ချင်းတွေလာရောက်ခဲ့တယ်။ ယုယ၊ ဆရာ ပြီးတော့ သူမရဲ့အတန်းဖော်ကောင်လေး။

အယောင်ယောင်အမှားမှားနဲ့ ပြီးဆုံးသွားခဲ့တဲ့ မဂ်လာပွဲနောက်မှာ အဖက်တင်ခဲ့တာကတော့ သူမတို့ရဲ့ လက်မှတ်တွေပါတဲ့ လက်ထပ်စာချုပ်နဲ့ နံရံမှာ အခန့်သားနေရာယူထားတဲ့ မဂ်လာဓာတ်ပုံပါဘဲ။

အနာဂါတ်မှာ သူမတို့ရင်ဆိုင်ရမှာအများကြီးရှိတယ်။ ဒါပေမဲ့ မဂ်လာဆောင်ပုံထဲက သူမဘေးမှာ ခပ်ပြုံးပြုံးရပ်နေတဲ့ထိုယောကျာ်းရဲ့ လက်ကို ဆွဲပြီးအရာရာရင်ဆိုင်နိုင်မယ်လို့ သူမယုံကြည်တယ်။

One sided love is not loveWhere stories live. Discover now